💛 အပိုင်း ၁၈ 💛

31.9K 3K 56
                                    

ကျောင်းက​နေ အိမ်​ကိုပြန်​​ရောက်​တာနဲ့ သူ့အကျီင်္​လေးနဲ့
Selfie တစ်​ပုံပြီးတစ်​ပုံ မနားတန်း ရိုက်​ပလိုက်​တယ်​ ~

သူ့​ချွေးနံ့​လေးက တစ်​မျိုး​လေး ♡ ​​ကိုယ်​နဲ့များကွာပ ~

" ငယ်​​လေး ပြန်​လာပြီလား ~ ဟဲ့ အကျီင်္က မနက်​ကဟာ မဟုတ်​ပါဘူး အသစ်​ဝယ်​လိုက်​တာလား ? နှ​မြောစရာ နင်​ဟာ​လေ သိပ်​ဖြုန်းတာပဲ ဘာလုပ်​ ဖို့ဝယ်​တာလဲ "

" မကြီးကလဲ ဝယ်​လာတာ မဟုတ်​ပါဘူး ~ ငှါးလာတာ "

" ဘယ်​သူကများ အခုလို အသစ်​စက်​စက်​ အကျီင်္ကို နင့်​ ငှါးရဲတာလဲမသိဘူး ~ "

" မသိရင်​ ကျွန်​​တော်​က ညစ်​ပတ်​​ပေတလူး ​နေတတ်​တဲ့သူကြ​နေတာပဲ မကြီး​နော်​ "

" မဟုတ်​လို့လား ​လော​လောဆယ်​ နင့်​အခန်း အမှိုက်​ပုံကိုအရင်​ရှင်း !! အတွင်းခံ​တွေကအစ ပွထ​နေတာပဲ ဘယ့်​နှယ်​ "

" ဟာဗျာ မကြီးကလဲ ဘာလို့ဝင်​ကြည့်​တာလဲ "

" အမယ်​​လေး အခုမှ ရှက်​မ​နေနဲ့ ~ ငါက နင့်​အမ နင်​ငယ်​ငယ်​​လေးကတည်းကထိန်းလာတာမို့်​ နင့်​တကိုယ်​လုံး
ဘယ်​​နေရာမှာဘာရှိလဲ အလွတ်​ရတယ်​ ငါ့​မောင်​ "

" ဟာဗျာ ​တော်​ပြီ​တော်​ပြီ အခန်းသွားရှင်း​တော့မယ်​ "
ဆိုပြီး အ​ပေါ်ကို အမြန်​​ပြေးတက်​သွားလိုက်​တယ်​ ~

ဒါ​တောင်​ အ​နောက်​က​နေ မကြီးရဲ့ " ​သောက်​က​လေး​လေး " ဆိုတဲ့ နားဝင်​ချိုစရာ​လေးက ကြားဖြစ်​​အောင်​ကြားလိုက်​ရ​သေး ~

အခန်းထဲ​ရောက်​​တော့ မကြီး ရှင်း​ပေးထား​သေးတယ်​ထင်​တယ်​ ~ မနက်​က​လောက်​​တော့ မရှုပ်​​တော့ဘူး ဒါမယ့်​လဲ ထပ်​​တော့ရှင်းရမှာ​ပေါ့​လေ ~

ရေမိုးချိုး အဝတ်​အစားလဲပြီး ထမင်းစားမယ်​အလုပ်​ ~ ဟင်းမကျက်​​သေးဘူး ခဏ​စောင့်​ဦးလို့ မကြီးက လှမ်း​ပြောတာမို့်​ ~

ထုံးစံအတိုင်း online ​ပေါ့ ~
ဟော ယံယံ​လေး မီးစိမ်း​နေတယ်​ ~

" Hi "

ဟော seenဖြစ်​သွားပြီ ~

" Hola "

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now