💛 အပိုင်း ၁၉ 💛

32K 3.2K 142
                                    

ကျောင်းကား ​ပေါ်မှာ လွင်​ မရှိ​တော့ ကျွန်​​တော်
တော်​​တော်​​လေးကို အားငယ်​မိ​တယ်​ ~ ​ဘေးနားက
သောက်​အလိုက်​ကမ်းဆိုး မသိတဲ့ rs​ကြောင့်​​ပေါ့ ~

ကျွန်​​တော့်​မှာ တစ်​ကိုယ်​တည်း ​ကြောင်​​တောင်​​တောင်​ကြီး
ဖြစ်​​နေရှာတာ ~ သူတို့နှစ်​​ကောင်​ကို ကျွန်​​တော်​မ​ပြောနဲ့ တစ်​ကားလုံးက​တောင်​ အမြင်​ကတ်​ကြတယ်

ကျွန်​​တော်​တို့၎​ယောက်​ရဲ့ အာ​ပေါင်​အာရင်းနဲ့ LGBTအ​ကြောင်းကို တစ်​ခမ်းတစ်​နား ရှင်းပြထားတာ​ကြောင့်​ ~

ထိုအရာကို လက်​ခံ​ပေမယ့်​ ~ နှစ်​​ယောက်​ထဲ ရှိသလို ro​နေကြတဲ့ မိုးလွန်း couple ကို​တော့ ကြည့်​မရ ~

မနက်​ဆို သူ့အိမ်​က​နေ ရှိသမျှ မုန့်​​တွေသယ်​လာ ~
ပြီးတာနဲ့  ပိုင်​လွန်းကို ခွံ့​​ကျွေးပြီး ​သောက်​လုပ်​ရှုပ်​ပြ​နေ
တတ်​တဲ့ မိုးဦး​ ~

ဟိုကလဲ ဘယ်​ကတည်းက ငတ်​လာလဲ မသိဘူး ~ ခွံ့​ကျွေးသမျှ နင်းကန်​စား​နေတာများ ဖြတ်​ရိုက်​ပစ်​ချင်​စရာ ~

တကယ်​ဆို မုန့်​​တွေအများကြီး​လေ ~ ကျွန်​​တော့်​ကိုလဲ
ကျွေးသင့်​တာ​ပေါ့ ~ အိမ်းးး မုန့်​စားချင်​လို့ မဟုတ်​ပါဘူး
ကျွေးသင့်​တယ်​ဆိုတာ ​ပြောချင်​တာ ~

ဟိုအ​ကောင်​ ပိုင်​လွန်းကလဲ သူ့ရုပ်​သူ့ရည်​မှ မ​ထောက်
မိုးဦးကို သဲ​လေး သဲ​လေး နဲ့ သူ့ကိုယ်​သူလဲ ကိုကိုဆိုပဲ ~

ရှမ်းတရုတ်​ စပ်​တာမို့ ဖြူ​နေတဲ့ အသားအရည်​ရယ်​ ရယ်​လိုက်​ရင်​ မှိတ်​သွားတဲ့ မျက်​လုံးရယ်​ ~ နှုတ်​ခမ်းနီဆိုးစရာမလိုပဲကို auto ပန်း​ရောင်​ထ​နေတဲ့ နှုတ်​သီးရယ်​ -,-

မိုးဦး ထက်​ တစ်​လက်​မပုတဲ့ အရပ်​နဲ့ ​ယောက်ျား​လေးတစ်​​ယောက်​လို ​ထောင်​​ထောင်​​မောင်း​မောင်း မဟုတ်​ပဲ

တစ်​​ဖြောင့်​ထဲ လာပြီး တင်​မှာလာ​ကောက်​​နေတဲ့ body​လေးကိုမှ လက်​​လေး​တွေ​ခြေ​လေး​တွေက က​လေး​ပေါက်​စလို ​သေး​သေး​လေး ဖြစ်​​နေတဲ့ ပိုင်​လွန်းခန့်​ က ~

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now