💛 အပိုင်း ၃၀ 💛

32.3K 3.2K 304
                                    

ဒီ​နေ့ ရုံးပိတ်​ရက်​မလို့ အ​ဖေ​ရော အမပါ
အိမ်​မှာရှိ​နေကြတယ်​။

" သား တာရာ လာထိုင်​ဦး "

အ​ဖေ​ခေါ်လို့ သွားထိုင်​မယ်​လုပ်​​တော့ အ​ဖေ့​ဘေးမှာ
ထိုင်​​နေတဲ့ အမကြီးမျက်​နှာကို တစ်​ချက်
ကြည့်​လိုက်​မိတယ်​။

မျက်​လုံး​တွေအစ်​ပြီး နှာ​ခေါင်းလဲ နီရဲ​နေတာပဲ ~
ငိုထားတာလား ? ဘာလို့လဲ ?

" သားကို အ​ဖေ မိန်းမ​ပေးစားမလို့ "

ဒိန်း !💢ဆို ​နွေ​ခေါင်​​ခေါင်​မှာ ကိုယ့်​ခေါင်းတည့်​တည့်​ကိုမိုးကြိုးပြစ်​ချလိုက်​သလိုပဲ ။

" အင့်​ .. ​ဖေကြီးကလဲ အင့်​ .. ​မောင်​​လေးက
ငယ်​ပါ​သေးတယ်​ဆို​နေ .. အင့်​ .. "

Awwမကြီးက ဒီကိစ္စ​ကြောင့်​ ငို​နေတာလား ~

" ဘယ်​သူနဲ့လဲ အ​ဖေ သားနဲ့ သိလား "

သိ​နေတဲ့သူသာဆို နည်းနည်းပါးပါး ညှိယူလို့ရနိုင်​မယ်
ထင်​တယ်​။

"  သားနဲ့ မသိ​လောက်​ဘူး ~
အ​ဖ့သူငယ်​ချင်းဆို​​ပေမယ့်​ လည်း
အ​ဖေနဲ့​တောင်​ပြန်​​တွေ့တာ သိပ်​မကြာ​သေးဘူး မို့လို့ "

" ဗျာ သားကို အ​ဖေ့သူငယ်​ချင်းနဲ့ ​ပေးစားမှာလား !
ဟာ ဒါကြီးက​တော့ မဖြစ်​နိုင်​ဘူး​နော်​အ​ဖေ ။

အဲ့လိုအိုကြီးအိုမနဲ့ သားမယူဘူး​နော်​ မယူနိုင်​ဘူး​နော်​"

" ဟာ ​ပေါက်​ကရ အ​ဖေ့သူငယ်​ချင်းဆိုတာ
ယောက်ျား​လေး သားရ ..."

" ဟာ အဲ့ဒါပိုဆိုးသွားပြီ အ​ဖေရာ ​ယောက်ျား
ပေးစားချင်​လဲ ကြို​ပြောပါ့လား သားဘာသာ ရှာယူမှာ​ပေါ့

အခုလို အသက်​ကြီးကြီးနဲ့​တော့ မ​ပေးစားပါနဲ့ဗျာ "

" ငါ့စကားကိုလဲ ဆုံး​အောင်​နား​ထောင်​ဦး​လေ
ကြယ်​တာရာရဲ့ !! "

😖 နာမည်​အပြည့်​အစုံ ​ခေါ်​နေပြီဆို​တော့
အ​ဖေ့​ဒေါသ​တွေ မိုင်​ကုန်​ထွက်​​နေပြီပဲ ။

" ငါ့သူငယ်​ချင်းရဲ့ သမီး​လေးနဲ့ ​ပေးစားမှာ ။ ပြီး​တော့
အ​ဖေ့က သားကိုစဉ်းစားကြည့်​ဖို့ ​ပြောပြတာပါ
သားလက်​ခံလိမ့်​လို့ အာမ မခံခဲ့ပါဘူး။

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now