💛 အပိုင်း ၂ 💛

59.1K 4.5K 78
                                    

က​တောင်
က​တောင်
က​တောင်

ကျစ်​ ဖုန်းဟမ်းတာလဲမ​ပြောနဲ့။ Messenger Group​တွေက ​ပေါ​သော​နေတာပဲ။ ဒီကြားထဲ သူတို့ ရည်းစား​တွေအ​ကြောင်းကြီးပဲ ​ပြော​နေတဲ့ Group Chatက​နေလည်း ထွက်​လို့ကမရ။

ထွက်​လို့မရဆို အထက်​တန်း​တုန်းက သူငယ်​ချင်း​တွေ ပြန်​ဆုံသည့်​အထိမ်းအမှတ်​အ​နေနဲ့ Messenger Group​လေး ဖွဲ့ထား​ပေးခြင်းမို့လို့ပင်​။

ကိုယ်​က​တော့ သူငယ်​ချင်း​တွေ ပြန်​​တွေ့လို့ ​ပျော်​​နေ​ပေမယ့်​ ထိုGroupထဲ ရှိသူတစ်​သိုက်​က​တော့ သူတို့ရဲ့ သက်​ဆိုင်​သူ​တွေ အ​ကြောင်းကိုပဲ ​ပြော​နေကြသည်​မို့ တစ်​​နေ့တစ်​​နေ့ စိတ်​ကိုမရှည်​ရှည်​​အောင်​ ဆွဲဆန့်​​နေရသည်​။

သို့​သော်​ အခုချိန်​မှာ​တော့ ဘယ်​လိုမှဆက်​၍ သည်းမခံနိုင်​​တော့သည်​မို့ Noti Offလိုက်​ရသည်​။

" ငယ်​​လေး​ရေ ​အောက်​မှာ ​မောင်​​လေးရဲ့ သူငယ်​ချင်း​တွေ ​ရောက်​​နေတယ်​ ဆင်းလာခဲ့ဦး "

" ဟုတ်​ကဲ့ မကြီး "

တာရာ အိမ်​​အောက်​ထပ်​မှ မကြီး၏​ ​ခေါ်သံကြားလိုက်​ရပြီး​နောက်​ ဖုန်းကို ကုတင်​​ပေါ်တင်​ထားခဲ့လိုက်​ပြီး ​အောက်​သို့ ဆင်းလာခဲ့သည်​။ အိမ်​လာလည်​တဲ့သူဆိုရင်​ ဟိုအုပ်​စုပဲ ရှိတာမို့ အခုလည်း ဒင်းတို့ပဲဖြစ်​မှာ​သေချာသည်​။

" ​မောင်​မင်းကြီးသား ဒီ​နေ့ငါ့​မွေး​နေ့ဆိုတာကို မင်း​မေ့​နေတာ​တော့ မဟုတ်​ပါဘူး​နော်​ "

လှေကား​ပေါ်ကဆင်းဆင်းချင်း သွားကြားထဲက
ထွက်​သည့်​ ​လေသံဖြင့်​ ​ပြောလာ​သော လွင့်​ရဲ့စကား​ကြောင့်​ တာရာ ​ခြေလှမ်း​တွေပင်​ရပ်​သွားရသည့်​အဖြစ်​။

ဟုတ်​သားပဲ ဒီ​နေ့ လွင့်​ရဲ့​မွေး​နေ့ပဲ။ မ​နေ့ညက အသစ်​ထွက်​သည့်​ Boy Love Series ကြည့်​ပြီး မနက်​မိုးလင်းမှ အိပ်​​ပျော်​သွားသည်​မို့ လွင့်​ရဲ့​မွေး​နေ့ကို ​မေ့သွားခဲ့ခြင်း
ဖြစ်​သည်​။

အခုမှ​တော့ မထူး​တော့ပြီမို့ သွားသုံးဆယ့်​နှစ်​​ချောင်းလုံး ​ပေါ်​အောင်​ အစွမ်းကုန်​ဖြီးပြရ​တော့မှာပဲ။

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now