💛 အပိုင်း ၉ 💛
36K 3.2K 87
crushက ​ကျောင်းမလာ​ပေမယ့်​လဲ ကျွန်​​တော်​က​တော့ ​ကျောင်းလာဖို့တာဝန်​ရှိတယ်​​လေ ။ 
ကျောင်းပြန်​မဖွင့်​ခင်​ကတည်းက ဖင်​တကြွကြွဖြစ်​​နေခဲ့တာကို  crush​ကြောင့်​နဲ့​တော့ အိမ်​တွင်းပုန်းမ​နေနိုင်​ပါဘူး ။
တာရာ ကိုယ့်​အ​တွေးနဲ့ကိုယ်​အရှိန်​​ကောင်း​နေတုန်း ...
" တာရာ မင်း ပိုင်​လွန်းနဲ့မိုးဦးကို သတိထားပြီးကြည့်​မိလား "
လွင်​က တိုးတိုး​လေးလာ​ပြော​နေတာမို့ ကြားတစ်​ချက်​ ၊
မကြားတစ်​ချက်​ ။
" နည်းနည်း​လေး ကျယ်​ကျယ်​​ပြောစမ်းပါ လွင်​ရာ ပိုင်​လွန်းနဲ့ မိုးဦးက ဘာဖြစ်​လဲ "
ကျွန်​​တော့်​အသံကြား​တော့  သုံး​ကောင်​လုံး မျက်​လုံးပြူးပြီး  ကျွန်​​တော့်​ကိုကြည့်​လာကြသည်​ ။
ပြီး​တော့ လွင်က  ​ကျွန်​​တော့​ခေါင်းကို ရိုက်​လိုက်​ပြီး
" ချီးပဲ လဒ " တဲ့ ။ ​ဟော ကျွန်​​တော်​ ဘာများလုပ်​မိလို့လဲ။
အဲ့ဒီကိစ္စမ​ကျေနပ်​ဘူး ။ ​ကျောင်း​ရောက်​ရင်​ ရှင်းကို ရှင်းရမယ်​ ။
ကျောင်း​ရောက်​​တော့  ပိုင်​လွန်းက အ​ရှေ့က​နေ အမြန်​သွား​နေတာမို့  ကျွန်​​တော်​​သေချာကြည့်​​နေမိသည်​ ။
ပိုင်​လွန်းက အ​ရှေ့က​နေ အမြန်​သွား​နေပြီး  မိုးဦးက အ​နောက်​က​နေ လိုက်​​နေတဲ့ပုံစံဖြစ်​​နေတာမို့  ​ဘေးနားက လွင့်​ကို လက်​တို့လိုက်​ပြီး
" ​ဟျောင့်​ ဟိုနှစ်​​ကောင်​က ဘာဖြစ်​​နေတာလဲ "
"အားး ! " ​သေ​အောင်​နာတယ်​ဟ ။
" ​သေပြီလား "
" လွင်​ မင်းလွန်​လာပြီ​နော်​ ငါအ​ကောင်း​ပြော​နေတဲ့ဟာကို ငါ့ကိုဘာလို့လာလာရိုက်​​နေရတာလဲ "
" ​သေ​လေ  ငါ ​ကျောင်းကား​ပေါ်မှာ ကတည်းက ​ပြော​နေတာကို မင်းထ​အော်​တာနဲ့ ဟိုနှစ်​​ကောင်​အ​ကြောင်း ဘာမှဆက်​မ​ပြောဖြစ်​​တော့တာ​မဟုတ်​ဘူးလား "
အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now