💛 အပိုင်း ၃၈ 💛
30K 2.8K 167
" ဘာကြည့်​​နေတာလဲ ! အဲ့မှာ အဲ့စာကို ​သေချာကျက်
စာသုံးပုဒ်​ရရင်​ မုန့်​​ကျွေးမယ်​ ! စာသာ​သေချာကျက်​ "
ထိုသို့​သော ​ဟောက်​စားလုပ်​​နေပါ​သောသူက​တော့ ..
ဟုတ်​ကဲ့ ကိုယ့်​ရဲ့ crushဘဝက​နေ
ချစ်​သူဘဝကူး​ပြောင်းသွားပြီဖြစ်​တဲ့ ယံယံပါပဲ ။
ယံ့ ​မေ​မေက သားငယ်​​လေး ဗိုက်​ဆာရင်​ စားလို့ရ​အောင်
ဆိုပြီး မုန့်​​တွေယူ ခိုင်းတာကို သူ့ကိုကျ
မ​ကျွေးလို့ပါဆိုပြီး​တော့
စာသုံးပု​ဒ်​ရမှ မုန့်​တစ်​ထုပ်​​ကျွေးမယ်​ ဘာညာနဲ့ လူကို
မုန့်​နဲ့ မြှားပြီး အနုနည်းနဲ့နှိပ်​စက်​​နေတာ !
ဗိုက်​ကလဲ  သိပ်​မကြာခင်​ကမှ ထမင်းစားထားတာကို
စာရ​အောင်​သာ ကျက်​​ပေ​တော့ပဲ ~
" ယံ ငါ စာရပြီ "
" အဲ့ဒါဆို ငါ့ဆီမှာစာပြန်​ "
" ယံ ! "
" အင်း "
" ငါက က​လေးလား ! "
" မင်းက ငါ့အတွက်​​တော့က​လေးပဲ ။ ဘာမှ အထွန့်​တက်​ဖို့ မလုပ်​နဲ့​တော့ ငါ့ဆီလာတာက နားမလည်​တဲ့စာ​တွေကို
မေးချင်​လို့ဆို ။
အခု စာပါ တစ်​ခါတည်း ရသွား​တော့ မ​ကောင်းဘူးလား "
" ငါ ဗိုက်​ဆာ​နေပြီ ~~ "
ပုခုံးနှစ်​ဖက်​ကို လှုပ်​ပြီး က​လေး​တွေချွဲသလို
ချွဲပြလိုက်​​တော့ ပြုံးတယ်​ ။ 
" ငချွဲ !  ​ရော့​ရော့ စား အများကြီး မစားရဘူး​နော်
ညဘက်​ကြီး အာလူး​ကြော်​​တွေစားတာက
ရင်​အရမ်းပြည့်​ပြီး အန်​ချင်​လိမ့်​မယ်​။
အ​အေးလဲ အများကြီး မ​သောက်​ရဘူး စာ​မေးပွဲက နီး​နေပြီ
ချောင်းဆိုးလိမ့်​မယ်​ ။ အဲ့မုန့်​​တွေမထိနဲ့ အဲ့ဒါ​တွေက
မ​ကောင်းဘူး ဆိုး​ဆေး​တွေပါတယ်​ ​ရောဂါရလိမ့်​မယ်​။
အ​မေကလဲ ဘာ​တွေဝယ်​​ပေးသွားတာလဲကွာ ။
ဟာ တာရာ ! မစားပါနဲ့ဆို "
အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Där berättelser lever. Upptäck nu