💛 အပိုင်း ၃၇ 💛

30.6K 2.9K 184
                                    

First semester exam ​ဖြေဖို့အတွက်​ ဆိုပြီး
ကျောင်းနှစ်​ပတ်​ ပိတ်​ထားတာမို့ တာရာနဲ့ ​မ​တွေ့ရတာ
နှစ်​ရက်​ကြီးများ​တောင်​ရှိပြီ ။

စာစကျက်​​တော့မယ်​ဆိုပြီး time table ​တွေ
ဘာ​တွေ​တောင်​ မနည်း​ရေးဆွဲယူထားတာမို့
ဒီနှစ်​ပတ်​အတွင်း သူ့ကို phမဆက်​ပါနဲ့တဲ့ ။

မျက်​နှာမြင်​ရင်​လဲ မ​နေနိုင်​မထိုင်​နိုင်​ ပိုတိုးပြီး လွမ်း​နေမိမှာ
စိုးလို့ သူ့ဆီကိုလဲ မလာခဲ့ပါနဲ့တဲ့ ။

ဘယ်​လို​ကောင်​စုတ်​​လေးလဲ ?

ချစ်​သူဖြစ်​တာ တစ်​လ​ကျော်​​ကျော်​ပဲရှိ​သေးတာ​လေ ~
အမှန်​ဆို အခုချိန်​က နှစ်​​ယောက်​အတူ စာကျက်​ပြီး
ကြည်​နူး​နေရမှာ မဟုတ်​ဘူးလား ?

ထားပါ​တော့ ​~ ချစ်​သူ စဖြစ်​တဲ့​နေ့ကတည်းက
မ​ရောက်​ရ​သေးတဲ့​နေရာ​တွေအပြင်​ ​​ရောက်​ဖူးပြီးသား
နေရာ​တွေကိုပါ ထပ်​တလဲလဲ သွား​နေတာမို့

ကျောင်းတက်​ချိန်​လဲ မမှန်​ခဲ့သလို ကျုရှင်​ကျ​တော့လဲ
ပုံမှန်​မတက်​ဖြစ်​ ဆို​တော့ .. တာရာ စိတ်​ပူလဲ စိတ်​ပူချင်​စရာပါပဲ​လေ ။

သူကစာလုပ်​ပြီဆို​တော့ ကိုယ်​လဲ စာလုပ်​ရ​တော့မှာ​ပေါ့
ကျောင်းမပတ်​ခင်​ တစ်​ပတ်​အလိုက ​ကျောင်းမှန်​တဲ့သူ​တွေဆီသွားပြီး မိတ္တူကူးခဲ့သမျှ​တွေကို

အ​ရှေ့မှာ ပုံချပြီး တစ်​ချက်​ကြည့်​လိုက်​တယ်​ ။
မဆိုးပါဘူး ကျက်​လို့ ရ​လောက်​မှာပါ ။

ပထမဆုံး​ဖြေမယ့်​ဘာသာရပ်​ကို အရင်​​ကောက်​ကိုင်
လိုက်​ပြီး ကြည့်​လိုက်​တယ်​ ။ ကြည့်​လိုက်​ ကျက်​လိုက်
ချ​ရေးလိုက်​ ပြန်​ကြည့်​လိုက်​နဲ့ ​~

နောက်​ဆုံး​တော့ တစ်​​နေ့ထဲနဲ့ တစ်​ဘာသာ ဖြတ်​နိုင်​ခဲ့ပြီ။
နေ့ခင်း ၂နာရီကတည်းက အခန်း​အောင်းပြီး

စာလုပ်​​နေတာ ည​နေ ၆ခွဲပြီမို့ ဗိုက်​ထဲက
အသံစုံတီးဝိုင်းက​တော့ စတင်​​နေ​လေပြီ ။

" သားသား​ရေ ဒီမှာ သား​လေး တာရာ​ရောက်​​နေတယ်​ "

ဟမ်​ ကျွန်​​တော်​ပဲ နားကြားမှားသွားတာလား ?
တာရာ ​ရောက်​​နေတယ်​ဆိုတာ ဖြစ်​မှ
မဖြစ်​နိုင်​​လောက်​တာကြီးကို ..

အ​ချေလွန်​​သော Crush  😈 အချစ်​လွန်​​သော ကျွန်​​တော်​ 😒 ( Completed )Where stories live. Discover now