Chapter(1)

6.3K 242 17
                                    

တဒိတ်ဒိတ်ခုန်နေတဲ့ ရင်ဘက်ကြီးကို လျစ်လျှူရှုလို့ message box မှာ ရေးထားတဲ့ စာတွေကို နောက်တစ်ကြိမ် ထပ်ဖတ်လိုက်တယ်

//Annyeon ငါ့နာမည်က Byun Baekhyun ပါ အသက်က ၁၈နှစ် ပထမနှစ်တတ်နေတဲ့ အီလတ်ထရောနစ် အင်ဂျင်နီယာ ကျောင်းသားတစ်ယောက်ပါ ငါက နည်းနည်းတော့ ရှက်တတ်ပါတယ်😁 အဲ့တာကြောင့် နည်းနည်းလောက် ကြိုးစားကြည့်ပြီး ဒီ site မှာ စာရင်းသွင်းလိုက်တာပါ သူငယ်ချင်း နည်းနည်းလောက် လိုချင်ပါတယ် ငါ့အသက်ကနေ အကြီးဆုံး၂၅နှစ်ထိနဲ့ သူငယ်ချင်းဖြစ်ချင်ပါတယ် ငါက ရုပ်ရှင်ကြည့်ရတာနဲ့ ဂိမ်းဆော့ရတာ ကြိုက်ပါတယ် ...........//

"ဒီလောက်ဆို အဆင်ပြေမှာပါ စာရင်းသွင်းလိုက်တော့မယ်"

တုန်တုန်ယင်ယင်နဲ့ပဲ sumbit ဆိုတာလေးကို နှိပ်လိုက်တယ်

"Thank you very much...Registration complete"

"ပြန်လှည့်လို့မရဘူး ငါလုပ်ခဲ့ပြီ"

ဖုန်းမှာ ပေါ်လာတဲ့ စာတန်းကို ကြည့်ပြီး သက်ပြင်း ချလိုက်မိတယ်

"knock...knock"

"အမလေး..."

ရုတ်တရက် တံခါးခေါက်သံကြောင့် လန့်သွားတယ်

"Baekkie yaaa ငါဝင်လာမယ်နော်"

"ဝင်လာခဲ့လေ Jisung"

တံခါးဖွင့်ပြီး ဝင်လာထဲက သံသယအပြည့်နဲ့ မျက်လုံးတွေနဲ့ ကျွန်တော့ကို လာကြည့်တဲ့ Jisung

"Baekkie ဘာဖြစ်နေတာလဲ မျက်နှာကြီးနီနေတယ် နေမကောင်းဘူးလား"

ကြက်ဥကြော်လို့ရအောင် ပူထူနေတဲ့ ပါးနှစ်ဖက်ကို ကိုင်ပြီးတော့

"ဘာမှမဖြစ်ပါဘူး Ah...အကြီးကို မရိုမသေနဲ့ Baekkie လို့မခေါ်ပါနဲ့ Hyung လို့ခေါ်ပါဆို"

အရှက်ပြေပြောလိုက်ရတယ်

Jisung က သူ့လက်ထဲ ကိုင်လာတဲ့ အခွေကို မျက်နှာနားလာပြတယ်

"ငါ့ လူကြီးဆီက မသိအောင်ယူလာတာ"

"မင်း အဖေက အဲ့တာတွေ ကြည့်ပြန်ပြီလား"

မလုံ့တလုံဝတ်ထားတဲ့ သူနာပြုကောင်မလေးက ဖြဲကားပြီး ထိုင်နေတဲ့ပုံ အခွေကာဗာမှာ Jpn စာတချို့ရေးထားပြီး ထိပ်ဆုံးမှာ R-18 ဆိုတာကြီးက အထင်းသား

Mr.Demon My Love//Complete//Where stories live. Discover now