Chapter(3)

2.2K 141 15
                                    

Baekhyun အခန်းထဲမှာ Sehun က မိန့်မိန့်ကြီး ထိုင်နေတယ် ကြောင်လေးကတော့ အခန်းထဲ နှာခေါင်း တရှုံ့ရှုံ့နဲ့ စပ်စုနေတယ်

"အခု ဘာလာလုပ်တာလဲ"

Baekhyun က စိတ်ရှုပ်သလို မေးလိုက်တယ်

"ဒီနေရာလေးကလည်း တော်တော်သေးလိုက်တာ"

Sehun က Baekhyun ပြောတာကို မကြားသလိုနဲ့ ရေရွတ်လိုက်တယ်

"ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

*sight

Baekhyunက သက်ပြင်းတစ်ချက်ချလိုက်တယ်

"ငါ ပြောခဲ့တာ မကြားလို့လား အိမ်ပြန်မယ်လို့လေ ဆုတောင်းက ပြီးပြီလေ"

" မင်းဆုတောင်းကို ကြားပြီးပြီပဲ ယုံကြည်စမ်းပါ"

ကြောင်လေးက ဝင်ပြောတယ်

"ဘာတွေပြောနေတာလဲ"

"ရှင်းရှင်းပဲ ပြောမယ် Sehun sama က မပြန်ချင်လို့ မပြန်တာ ရှင်းလား"

"ဘာ...."

Baekhyun အလန့်တကြား ထအော်တယ်

"ဘာတွေပြောနေတာလဲ ဘယ်သူက မင်းကို နေခိုင်းလို့လဲ"

"ဆင့်ခေါ်ခြင်း ဝင်ပေါက်ကို သုံးမိတဲ့သူအတွက် စည်းကမ်းတစ်ခုပဲ Sehun sama က လိုသလို လုပ်လို့ရတယ် စည်းကမ်းဖောက်လိုက်ပြီ"

"ဘာတွေပြောနေတာလဲ"

Sehun မျက်လုံးတွေက တစ်ခုခုကို ရှာနေတယ်

"Sehun sama ဒီလိုမလုပ်နဲ့ဦးလေ"

ကြောင်လေးက Sehun ကို ခေါင်းလေးနဲ့ ဝှေ့နေတယ် Sehun ပုံစံက ထူးဆန်းနေတယ်

"Byun Baekhyun အခု ချက်ချင်း အိပ်ရာပြင်ပေးပါ"

"ဟမ်!"

Sehun ကို ထူးဆန်းနေတယ် ထင်တာ တကယ်တော့ Sehun က အိပ်ချင်နေတာပါ Baekhyun အိပ်ရာပြင်ပေးပြီးတော့

"Sehun sama ဒီကိုလာ"

"အင်..အင်း"

Sehun က အိပ်ချင်မူးတူးအသံလေးနဲ့ စောင်တွေထဲ တိုးဝင်ပြီး အိပ်ပျော်သွားတယ်"

"တော်သေးတာပေါ့ Baekhyun လည်း အိမ်မက်လှလှမက်ပါစေနော်"

ကြောင်လေးက Sehun ဘေးနားမှာ ခွေခွေလေး ဝင်လှဲပြီး အိပ်ဖို့ပြင်တယ်

Mr.Demon My Love//Complete//Where stories live. Discover now