Real_Final

2.2K 102 8
                                    

"Byun baekhyun.... Byun Baekhyun"

အသံတွေက နီးလာလိုက် ဝေးသွားလိုက်နဲ့

"Baekhyun...."

Minseok ရဲ့ အသံစူးစူးနဲ့ အတူ မျက်လုံးတွေပွင့်သွားခဲ့တော့ ကျွန်တော်ရောက်နေတာ Minseok အခန်းထဲက ရေချိုးခန်းထဲမှာ

ရေတွေနဲ့ ရွှဲနေတဲ့ ကျွန်တော့ကို Minseok က ရင်ခွင်ထဲ ထည့်ထားရင်း လှုပ်နှိုးနေတယ်

"Baekhyun သတိရပြီလား ဘယ်လိုပြန်လာတာလဲ"

ကျွန်တော် Minseok ကို ငေးကြည့်နေမိတယ် ဘာမှပြန်မဖြေဖြစ်ဘူး ကျွန်တော်လည်း မသိတော့ဘူး လူသားကမ္ဘာကို ဘယ်လိုပြန်ရောက်လာတယ်ဆိုတာကို အဲ့တာဆို Sehun ကရော

"Baek...Baekhyun ငိုနေတာလား ဘယ်နားထိခိုက်မိလို့လဲ နာလို့လား"

ငိုတယ် ကျွန်တော်က? ပါးပေါ်ကို စီးကျလာတဲ့ မျက်ရည်တွေကြောင့် Minseok က ပြာပြာသလဲဖြစ်နေတယ် နာတယ် Minseok ကျွန်တော် Sehun ကို ထားခဲ့လိုက်ရလို့ ရင်ဘက်ထဲက အရမ်းနာနေတယ်

~~~~~~~Mr.Demon My love~~~~~

အခြေအနေတွေအားလုံးက ပုံမှန်လိုပါပဲ Sehun ရောက်လာခဲ့တဲ့ အချိန်အပိုင်းအခြားလေးက အိမ်မက်လိုပဲ ဖြစ်သွားခဲ့ပြီ ဘယ်သူမှ မရှိခဲ့တဲ့ ကျွန်တော့ ဘဝထဲမှာ Minseok ကျန်နေတာကလွဲလို့ အရင်လို ကျွန်တော် တစ်ယောက်ထဲပဲ

ကျောင်းမှာ မျက်နှာနားကို ပုံစံအမျိုးမျိုးနဲ့ ရုတ်တရက် ရောက်လာတတ်ပါသော....
ညဘက်တွေ အချိန်ပိုင်းအလုပ်က အပြန်မှာ bubble tea ဝယ်တိုက်ခိုင်းလေ့ရှိသော...
ကျွန်တော့်အနားမှာ soul ချင်း ဆက်သွယ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမြဲတမ်း ရှိနေတဲ့ ကျွန်တော်ချစ်ရတဲ့ Oh Sehun ဆိုတဲ့ Demon လေးကတော့ ကျွန်တော် လူသားကမ္ဘာကို ပြန်ရောက်တဲ့ အချိန်ကစပြီး ပျောက်ဆုံးသွားခဲ့ပါပြီ

"ငါ Luhan ရဲ့ အငွေ့အသက်တွေရှာတွေ့တယ်"

ကျွန်တော်ပြန်ရောက်ပြီး ၃ရက်မြောက်နေ့မှာ Minseok ဆီက ကြားရတဲ့ စကားပေါ့ သူဘယ်လို ရတာလဲတော့ ကျွန်တော်လည်း မသိဘူး superheroတွေရူးကြသလို Demonတွေ မှော်ပညာတွေနဲ့ ပတ်သတ်ပြီး ရူးသွပ်တဲ့ Minseok က သူဖတ်ဖူးတဲ့ စာအုပ်ထဲက နည်းလမ်းပေါင်းစုံနဲ့ Luhan ကို ဆက်သွယ်ဖို့ အချိန်တိုင်းကြိုးစားနေခဲ့တယ်

Mr.Demon My Love//Complete//Where stories live. Discover now