Chapter(12)

894 81 9
                                    

"Baekhyun သတိရပြီလား မျက်လုံးဖွင့်ကြည့်ဦး Byun Baekhyun"

မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ Baekhyun နိုးလာတော့ တစ်စုံတစ်ယောက်ရဲ့  ပေါင်ပေါ် ရောက်နေသည်။ ရှေးခေတ်က အင်္ဂလိပ်တွေလို အနောက်တိုင်း ဝတ်စုံနဲ့ ထိုလူသား အသံကို သူကြားဖူးနေသည်။ အညိုရောင် ဆံပင်ရှည်တချို့က မျက်နှာနားမှာ ဝဲကျနေပြီး နားရွက်ချွန်ချွန်တွေကြောင့် လူသားမဖြစ်နိုင် သူသေချာစိုက်ကြည့်နေမိသည်။

"တော်သေးတာပေါ့ Baekhyun သတိရလာပြီ"

"ဟုတ် ဒါနဲ့ ခင်ဗျားက ဘယ်သူလဲဟင်"

"ငါ Xunqi လေ"

Baekhyun အတွေးထဲ ပေါ်လာတာက ကြက်တူရွေး အစိမ်းလေး အလန့်တကြားနဲ့ Xunqi ပေါင်ပေါ် ခေါင်းအုံးထားမိရာက ထထိုင်မိသည်။

"Xunqi က ဒီလိုပုံစံ လုပ်လို့ရလား"

"ဘာတွေ ပြောနေတာလဲ ဒါက ငါရဲ့ ပုံစံအစစ်ပဲလေ"

Baekhyun ပါးစပ်အဟောင်းသားနဲ့ အံဩနေသည်။

"ပုံစံအစစ်ဆိုတော့ ဘယ်လိုမျိုး..."

"ပုံစံအစစ်က ဘာလို့လဲဆိုတော့ မင်းက အခု Demon တွေနေရာကို ရောက်နေလို့ပေါ့"

Baekhyun လှည့်ကြည့်လိုက်တော့ ခုံကို နောက်ပြန် ထိုင်နေတဲ့ ခရမ်းရောင် ဆံပင်ရှည်တွေနဲ့ ကောင်မလေး တစ်ယောက် အဖြူရောင်ဂါဝန်လေးနဲ့ တင်ကာဘဲလ်လို ကောင်မလေးက Demon တွေကြားထဲမှာ ထူးဆန်းနေသည်။

"Aeri sama"

Xunqi က 90° bow လှမ်းလုပ်နေသည်။

"Demon ကမ္ဘာက ကြိုဆိုပါတယ်"

Baekhyun အခုမှ သတိထားသွားသည်။ သူရောက်နေတာ အနီရောင် အုပ်ချပ်တွေနဲ့ အခန်းတစ်ခု အတိအကျပြောရရင် သံတိုင်တွေပါ ရှိနေတဲ့ အကျဉ်းချရာ နေရာတစ်ခု

"ဘာလို့....ဘာလို့ ကျွန်တော့်ကို ဖမ်းခေါ်လာတာလဲ"

"အရူးကောင် Oh Sehun ကို အပြစ်ပေးရမယ်လေ ငါ့OTPကို ဖျတ်ဆီးပစ်တာ"

ဘုရားရေ Aeri ဘာတွေပြောနေတာလဲ😨

"သူ့ကို အပြစ်ပေးဖို့ သူတန်ဖိုးထားတဲ့ အရုပ်လေးကို ယူလာတာလေ"

Mr.Demon My Love//Complete//Where stories live. Discover now