Chapter (7)

1K 87 3
                                    

ဒီနေ့ ကျွန်တော် အိပ်လို့ကောင်းနေတာ ဘာလို့မှန်းမသိ နွေးထွေးနေတယ် အယ်....ညက ကျွန်တော် Sehun နဲ့ စောင်တစ်ခုထဲခြုံပြီး အိပ်ပျော်သွားတာ Sehun နိုးပြီလား မသိဘူး ကျွန်တော် မျက်လုံးကို ဖွဖွလေး ဖွင့်ကြည့်လိုက်တယ်

*ba_dum *ba_dum

Sehun က ကျွန်တော့ဘေးမှာ လက်ထောက်ပြီး ကျွန်တော့မျက်နှာကို ကြည့်နေလို့ အလန့်တကြား မျက်စိ ပြန်မှိတ်လိုက်တယ်

"Morning Baekhyun နိုးနေရင် ထတော့"

"ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာလဲ"

"စစ်ဆေးနေတာလေ ငါ့အတွက် ထူးခြားတဲ့ သူမို့လို့"

"ဟမ်!"

ရုတ်တရက်ကြီး မမှန်တော့တဲ့ ရင်ခုန်သံတွေကို မနည်း ဖုံးဖိနေရတယ်

"ငါ့ကို ဆင့်ခေါ်ထားတဲ့ လူသားက ငါနဲ့ အများကြီး ဆက်သွယ်နေပြီး အရမ်းကို ထူးခြားတယ်"

အကြီးကြီးတွေ လျှောက်တွေးမိတဲ့ ကိုယ့်နှလုံးသားကိုသာ ကျိန်ဆဲလိုက်တယ် ကိုယ့်အတွေးနဲ့ ကိုယ်ဖြစ်နေပါတယ်ဆို Xunqi က ရုတ်တရက်ကြီး ပခုံးပေါ်ရောက်လာပြီး

"Morning Baekhyun!!"

"အမေ့...."

ကျွန်တော့ကို လန့်အောင်လုပ်ဖို့များ ဆုံးဖြတ်ထားကြလား မသိဘူး

~~~~~~~~~~~~

ပုံမှန်နေ့တွေလိုပဲ ကျွန်တော် ကျောင်းကို လမ်းလျှောက်သွားတယ် Sehun က ကျွန်တော့်နောက်မှာ Xunqi က ကျွန်တော့ပခုံးပေါ်မှာ ကျောင်းရောက်ရင် Sehun ပျောက်သွားမယ် ပြီးရင် ရုတ်တရက်ကြီး ပေါ်လာပြီး လူကို လန့်အောင်လုပ်မယ် လွယ်အိတ်ထဲက ပါလာတဲ့ Xunqi က ဆူပုတ်နေမယ်

ဒီနေ့တော့ အချိန်ပိုင်း အလုပ်မရှိလို့ အိမ်ကို တန်းပြန်ဖြစ်တယ် Sehun နဲ့ အတူ ချောကလတ်ရေခဲချောင်း စားပြီး အတူတူလျှောက်လာကြတယ်

"Sehun မင်း အိမ်က ထွက်လာတာ ဘယ်သူမှ မသိဘူးမလား"

အနောက်ကနေ ရေခဲချောင်းစားပြီး လိုက် လာတဲ့ Sehun ကို မေးလိုက်တယ်

"အင်းလေ မသိဘူး"

Sehun က လက်ကျန်ရေခဲချောင်းလေးကို ကိုက်ဖို့ ပြင်ပြီးမှ မကိုက်ဘဲ ပြန်ဖြေတယ်

Mr.Demon My Love//Complete//Where stories live. Discover now