Chapter(13)

1K 93 16
                                    

"Xunqi Hyung"

"ဘာလဲ"

သူတို့ကို ဖမ်းထားတဲ့ အခန်းထဲမှာရှိတဲ့ အိပ်ရာ၂ခုပေါ် တစ်ယောက်တစ်နေရာ လှဲနေရင်း Baekhyun က စကားစလိုက်သည်။

"သူတို့ Sehun ကို ဘာလုပ်ကြမှာလဲ"

"သူ သေချာပေါက် အဆင်ပြေမှာပါ ဒီနေရာမှာ အန္တရာယ်အရှိဆုံးဖြစ်နေတာ မင်းနော်"

"တော်သေးတာပေါ့"

"မင်းတစ်ယောက်ပဲ Sehun sama ကို ချသ်နေသလို စိုးရိမ်သလို မလုပ်စမ်းပါနဲ့ သူက မင်းအတွက်ပဲ လုပ်နေရတာ"

"ဘာပြောချင်တာလဲ Xunqi Hyung"

Baekhyun လှဲနေရာက အိပ်ရာခင်းပေါ် ထထိုင်ပြီး မေးလိုက်သည်။

"သူလုပ်နေတာတွေက မင်းကို ကာကွယ်ဖို့ပဲ Baekhyun ဘာလို့ ကာကွယ်ချင်လဲ မင်းသိလား မင်းကို မြတ်နိုးလို့လေ"

"ဒါပင်မဲ့..."

"မင်းကို မြတ်နိုးလွန်းလို့ ကာကွယ်ဖို့အတွက် သူ ဒီကို ပြန်ရောက်လာတာလေ"

Xunqi လည်း ထထိုင်ပြီး ပြောလိုက်သည်။
Xunqi ပြောတာ သဘောတော့မကျ ဘာလဲ ချစ်ရင် ချစ်တယ်ပေါ့ မြတ်နိုးတယ်ဆိုတာ ဘာအဓိပ္ပါယ်နဲ့လဲ

"Xunqi Hyung ဒီကနေ လွတ်မယ့်နည်းမရှိဘူးလား"

"Aeri sama!"

Xunqi ရဲ့ အထိန့်တလန့်အသံ

ထိုအချိန်မှာပဲ Aeri က သူတို့ကို ချုပ်ထားတဲ့ အခန်းရဲ့ သံတိုင်တွေရှေ့ ရောက်လာသည်။

~~~~~~~~~~~~~~~~~~~

"Sehun sama အတွက် သတင်းစကား ပါပါတယ်"

မြောက်ဘက်ရဲတိုက်က Sehun အခန်းထဲကို ဝင်လာတဲ့ အစေခံ Demon တစ်ယောက်

"Sehun sama နဲ့ Luhan sama ရဲ့ မင်္ဂလာပွဲကို မနက်ဖြန်မှာ ကျင်းပပါမယ်တဲ့"

Sehun ဘာမှပြန်မပြော ပြတင်းပေါက်ကနေ အပြင်ဘက်ကိုသာ ငေးကြည့်နေသည်။......

Luhan ရဲ့ ရဲတိုက်မှာလည်း

"မင်္ဂလာပွဲကို မနက်ဖြန်မှာ ကျင်းပမယ်လို့ Kris sama က ပြောခိုင်းလိုက်ပါတယ် Luhan sama"

"Baekhyun ကို လွှတ်ပေးမယ်ဆိုရင် ဒီလိုပဲ လုပ်ရမှာပဲလေ"

"အဲ့ကိစ္စကတော့ Kris sama နဲ့ တိုက်ရိုက်ပြောသင့်တယ် ထင်ပါတယ်"

Mr.Demon My Love//Complete//Where stories live. Discover now