Chapter(11)

991 90 8
                                    

ကြမ်းပြင်ပေါ် မျက်နှာကြီး နီရဲပြီး ထိုင်နေတဲ့ Baekhyun သူ့ပေါင်ပေါ် မျက်နှာအပ်လို့ Sehun က အပေါ်ပိုင်းဗလာနဲ့ အိပ်ပျော်နေသည်။

ဟိုး..ဟိုး...ခင်ဗျားတို့ တွေးထားသလို မဖြစ်သွားပါဘူးကွယ် Demon လေးအတွက် ညဘက်က အရေးကြီးတယ် အိပ်ရမယ်လေ 😜

"သူအိပ်ပျော်နေတာပဲ"

Minseok က ပြတင်းပေါက်က ကျော်ခွဝင်လာရင်း ပြောလိုက်သည်။

"အယ် Minseok နဲ့ Luhan စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်"

Luhan က ဘာမှမပြောဘဲ Sehun ကိုတစ်လှည့် Baekhyun ကိုတစ်လှည့်ကြည့်နေသည်။

"အဆင်ပြေလား"

"အင်း Xunqi Hyung"

"ဟက်..နောက်ဆုံးတော့ ငါနားလည်သွားပြီ"

Luhan ရဲ့ အထူးအဆန်းစကားကြောင့် Baekhyun ငေးကြည့်နေမိသည်။ Luhan က သူ့ရှေ့မှာ ထိုင်ချလိုက်ပြီး

"မင်းသူ့အပေါ်ထားတဲ့ ခံစားချက်ကို ဖွင့်ပြောချင်တာကို ညာနေတာမလား"

Baekhyun အံဩသွားသည်။

"သူ အခု အိပ်နေတဲ့ပုံစံကို ကြည့်ပြီး ငါ နားလည်တယ်"

"Sehun ရော သူ့ကို ပြန်ကြိုက်မှာမလား"

အနားမှာ ဒူး၂ဖက်ပိုက်လို့ ထိုင်နေတဲ့ Minseokရဲ့ မေးခွန်းကို သဘောမကျလို့  Luhan က တစ်ချက်ထိုးလိုက်သည် (မျက်စောင်း😝)

"ငါမသိဘူး ငါ့ခံစားချက်ကို မသိတော့ဘူး မပူပါနဲ့ Luhan သူလာခဲ့တဲ့နေရာကို မြန်မြန် ပြန်ခေါ်သွားပါတော့"

စိတ်ရှုပ်သလို ပြောလာတဲ့ Baekhyun ကို Luhan ခပ်စူးစူးကြည့်နေမိသည်။

*sight

"မနက်ဖြန် Minseok နဲ့ ငါ ကစားကွင်းသွားကြမလို့"

"ဟမ်!"

ရုတ်တရက် စကားလမ်းကြောင်းပြောင်းသွားတဲ့ အတွက် Baekhyun ဘာဆက်ပြောရမလဲ မသိ

"ငါ Luhan ကို လိုက်ပို့မလို့လေ သူရောက်ဖူးချင်တယ်ဆိုလို့ Ah! Baekhyun ငါတို့ bouble date လုပ်ကြမယ်လေ"

"yrrr မင်းပြောတော့ လူသားတွေ Date လုပ်တယ်ဆိုတာက..."

"shuuuuu"

Mr.Demon My Love//Complete//Where stories live. Discover now