Episode-2

1.5K 72 0
                                    

<Unicode>

***Together Forever***
episode -2

"ဖြေပါ မေမေ...လွန်ခဲ့တဲ့ ၃ နှစ်က ကားမှောက်တဲ့အထဲ
မှာ သမီးလည်း ပါတယ် မဟုတ်လား"

"မဟုတ်ဘူး...ကိုမြင့်မိုရ်က သူ့ကိုယ်သူ..."

"သမီးကို မလိမ်ပါနဲ့တော့ မေမေ...သမီး အရင်က
အဖြစ်အပျက်တွေ တော်တော်များများကို မှတ်မိနေ
ပါပြီ...ဘာလို့ သမီးကို လိမ်ထားရတာလဲ...
ဖေဖေနဲ့အတူ သမီးလည်း ရှိနေခဲ့တယ် မဟုတ်လား"

"ဘာလို့ ဖြစ်ပြီးသားတွေကို ပြန်သိချင်နေရတာလဲ...
သိတော့ရော ဘာတွေများ ကောင်းလာမှာလဲ...
မသိချင်စမ်းပါနဲ့အေ"

ပြောနေရင်းက ဒေါ်မြမူအသံတွေက အက်ကွဲလာ
သည်။

"မေမေ ငိုနေတာလား"

ဒေါ်မြမူပါးပြင်က မျက်ရည်တွေကြောင့် သူမရင်ထဲ
ထိတ်သွားသည်။

"ဘာလို့ အဲ့ဒီအကြောင်းကိုမှ သိချင်နေရတာလဲ...
ငါ မဖြေချင်ဘူး...နင့်ကို ထပ်ပြီး အဆုံးရှုံးမခံချင်ဘူး
မေမိုးရယ်"

မေမေ ဘာတွေ ပြောနေတာလဲ။ သူမကို ဘာလို့
ဆုံးရှုံးရမှာလဲ။ သူမအတွေးတွေထဲက ပဟေဠိတွေကို
မဖြေရှင်းရသေးပေမယ့် မေမေ မျက်ရည်ကျတာကို
တော့ သူမ မမြင်ရက်။

"မေမေရယ်...ဒီအကြောင်းကို မေးတာ မကြိုက်ရင်
သမီး မမေးတော့ပါဘူး...မေမေလည်း မငိုနဲ့တော့နော်...
မေမေ့ကို မျက်ရည်ကျအောင် လုပ်ခဲ့မိလို့ သမီး
တောင်းပန်ပါတယ်"

"သမီးရယ်"

ဒေါ်မြမူ သမီးဖြစ်သူကို ပွေ့ဖက်ထားလိုက်သည်။
သူမရဲ့ ခင်ပွန်းကို ဆုံးရှုံးပြီးကတည်းက သမီးလေးက
သူမရဲ့ အနာဂတ် ဖြစ်လာခဲ့သည်။ သူမ ခုလို ရပ်တည်
နေတယ်ဆိုတာ သမီးလေးရှိနေလို့ပါ။

သူမက သာမညမိန်းမတစ်ဦးပါ။ ပညာရေးမှာလည်း
ရေးတတ်ဖတ်တတ်ရုံလောက်သာ တတ်ကျွမ်းသူ ဖြစ်
သည်။

သို့သော် မေမိုးကတော့ သူမအဖေလိုပဲ တော်သည်။
ထက်သည်။ ပြတ်သားသည်။ အကယ်၍ သူမအဖေ
ဘာကြောင့် သေဆုံးခဲ့တယ်ဆိုတာသာသိခဲ့ရင်
မေမိုးတစ်ယောက် ခုလို ငြိမ်နေမှာ မဟုတ်။

Together ForeverWhere stories live. Discover now