Episode -12

891 51 0
                                    

<Unicode>

"ကိုမောင်... မနေ့က ကျွန်မ စကားပြောမှားသွားရင်
တောင်းပန်ပါတယ်"

ဝေယံ သူမ ပြောတာကို မကြားသလို နေလိုက်ရင်း
ဧည်သည်စာရင်းတွေကိုသာ အာရုံစိုက် ရေးနေလိုက်
သည်။ လက်တွေ ညောင်းနေပေမယ့် သူမနဲ့ စကား
မပြောချင်၍ ပေတေ ရေးနေလိုက်သည်။

မေမိုး သူမ ပြောတာကို ဂရုမစိုက်သော သူ့ကို
စိတ်မဆိုးမိ။ သူမဘက်က မှားခဲ့တာကိုး။

သူ့ပါးပြင်က ဒဏ်ရာကိုကြည့်ရင်း သူမကြောင့် ဆိုတဲ့
အသိကြောင့် စိတ်မကောင်းဖြစ်မိသည်။

"မောင်... ကျွန်မ တကယ်တောင်းပန်ပါတယ်"

"အယ်"

သူ စာရေးနေတဲ့ လက်တွေ တုန့်ခနဲ ရပ်သွားသည်။
သူမက သူ့ကို မောင်လို့ ခေါ်လိုက်တာလား။

သူ ပြုံးလိုက်ချင်ပေမယ့် မျက်နှာကို တတ်နိုင်သမျှ
တင်းထားလိုက်သည်။ က်ုယ့်စေတနာကို အစော်ကားခံ
ခဲ့ရတာကိုး။

"မင်း ဒီစကားပဲ ပြောတတ်တာလား... တစ်ခါလာ
တောင်းပန်ပါတယ်...တစ်ခါလာ ကျေးဇူးတင်ပါတယ်နဲ့"

မေမိုး သူပြောနေတာကို ငြိမ်ငြိမ်လေး နားထောင်နေ
လိုက်သည်။ ပြောပါစေလေ။ သူလည်း စိတ်ဆိုးနေဦး
မှာပေါ့။

"ဟူး... ဘယ်လိုမိန်းမမှန်းကို မသိဘူး... သွားမယ်"

"ဟင် !...ဘယ်လဲ"

လက်ထဲက ဘောပင်ကို ဘုတ်ခနဲ ချရင်း ပြောလိုက်တဲ့
သူ့စကားကြောင့် မေမိုး ကြောင်သွားသည်။

"ဘယ်သွားရမှာလဲ... အချိန်လည်း ကြည့်လိုက်ဦး...
နေ့လည်စာ စားချိန် ရောက်ပြီကွ"

"သွားစားလေ... ကျွန်မ မဆာသေးဘူး"

"မင်းလည်း လိုက်ခဲ့... ငါ့ကို ထမင်းဝယ်ကျွေး"

"အယ်"

"ဘာလဲ... မင်းက မသထာတာလား"

"အဲ့လို မဟုတ်ပါဘူး... ဟို... ပိုက်ဆံ မပါခဲ့လို့"

"ဘယ်လို မိန်းကလေးပါလိမ့်... အလုပ်လာတာ
ပိုက်ဆံလေးတော့ ထည့်ခဲ့မှပေါ့"

"ထည့်တော့ ထည့်ခဲ့ပါတယ်...အိတ်ဆောင် သဘောမျိုး
ပဲ ထည့်ခဲ့လို့ တော်ကြာ ရှင်စားသလောက် မရှင်းနိုင်
မှာ စိုးလို့"

Together ForeverWhere stories live. Discover now