Episode -15

956 49 0
                                    

<Unicode>

ဝေယံ ကုတင်ပေါ်မှာ ပက်လက်လှန်ရင်း နဖူးပေါ်
လက်တင်၍ ဒေါ်ဖြူဖြူဝေပြောခဲ့တဲ့ စကားတွေကို
ပြန်ကြားယောင်နေမိသည်။

''ဗျာ !!...ဒယ်ဒီက အသတ်ခံခဲ့ရတာ...ဟုတ်လား''

''ဟုတ်တယ် သား''

''ဟာ...မာမီပြောတော့ ဒယ်ဒီက အရက်တွေ
စွတ်သောက်ပြီး ရေထဲပြုတ်ကျ သွားတာဆို''

''ဟုတ်တယ်...အမှန်ပဲ...ဒါပေမယ့် ဒါက လူသေမှု
မဟုတ်ဘူး...လူသတ်မှု''

''ဘယ်လို ?''

ဝေယံ သူ့နားကိုသူ မယုံနိုင်တော့။ အဲ့ဒီအချိန်တုန်းက
ဒယ်ဒီက မြန်မာပြည်ကို ပြန်သွားတဲ့ အချိန်ပါ။

သူက US မှာပဲ ကျန်ခဲ့တာမို့ ဒယ်ဒီ့ရဲ့ ဈာပနပွဲကိုသာ
မီလိုက်သည်။

''အဲ့ဒီတုန်းက မင်းဒယ်ဒီ မြန်မာပြည်ကို ခဏပြန်သွား
တယ်လေ...မာမီ့စိတ်ထဲ လေးနေလို့ သူနဲ့အတူ
လိုက်ခဲ့မယ်လို့ ပြောတာကို လက်မခံဘူး...
သူ ဘာကြောင့် မြန်မာပြည်ကို ပြန်လဲ သိလား...
သူ့သူငယ်ချင်း ကိုမြင့်မိုရ် သေဆုံးတဲ့ကိစ္စအတွက်
သံသယရှိသူကို ဖော်ထုတ်ဖို့ သွားခဲ့တာ''

''ဒါဆို ဒယ်ဒီက တရားခံကို သိတယ်ပေါ့''

''သိတယ်ဆိုတာထက် စိတ်ထဲက သေချာနေတာ...
ဒါပေမယ့် မာမီ့ကို ပြောမပြခဲ့ဘူး...မာမီတို့အတွက်
အရမ်းအန္တရာယ်များတယ်တဲ့...သူ ထွက်သွားပြီး
၂ ရက်လောက် နေတော့ သူဆုံးသွားပြီတဲ့...
အလောင်းကို စစ်ဆေးကြည့်တော့ သံသယဖြစ်စရာ
ဘာမှ မရှိဘူး...ဒါကြောင့် ဆေးမှတ်တမ်းမှာ
အရက်အလွန်အကျွံသောက်ပြီး ရေထဲ ပြုတ်ကျခဲ့တာ
လို့ မှတ်ချက်ပေးခဲ့ကြတယ်...ဒါပေမယ့် သားသိတဲ့
အတိုင်း သားဒယ်ဒီက အရက်ဆို အနံ့တောင်
ခံနိုင်တဲ့သူ မဟုတ်ဘူး...သူ ခုလို ဆုံးသွားတယ်ဆိုတာ
သွေးရိုးသားရိုး မဟုတ်မှန်း သိပေမယ့် မာမီတို့မှာ
လက်ဆုပ်လက်ကိုင်ပြစရာ သက်သေ မရှိဘူး...
ဒါကြောင့် အမှုကို ပိတ်လိုက်ရတယ်...ခုဆို သူ ဆုံးသွား
တာ ၃ နှစ်တောင် ရှိခဲ့ပြီပေါ့''

ဒေါ်ဖြူဖြူဝေ့စကားတွေကြောင့် ဝေယံ မှိုင်ကျသွား
သည်။ သူ ဒါတွေကို ဘာလို့ မသိခဲ့ရတာလဲ။

Together ForeverWhere stories live. Discover now