Episode -3

1.3K 69 0
                                    

<Unicode>

"မေမေ !"

သူမ စိုးရိမ်တကြီး အိမ်ထဲကို ဝင်ပြေးသွားမိသည်။

"ဘာလို့ ဒီလောက် အော်ခေါ်နေရတာတုန်း…ဒီမှာ
မအားလို့ ပြန် မထူးနိုင်တာကို"

မိုးကာတစ်ခုနဲ့ အလုပ်ရှုပ်နေတဲ့ ဒေါ်မြမူကို အကောင်း
အတိုင်း တွေ့လိုက်ရမှပဲ သူမ သက်ပြင်းချနိုင်တော့
သည်။

"မေမေက ပြန်မထူးတော့ လန့်သွားတာပဲ…တစ်ခုခုများ
ဖြစ်နေတာလားဆိုပြီးတော့"

"အမယ်လေးဟယ်…ကျုပ် ဒီလောက်ကျန်းမာနေတာ…
စိုးရိမ် မနေနဲ့…လာ ကူပေးဦး"

"ဟုတ်"

ထမင်းချိုင့်လေးကို စားပွဲပေါ်တင်ပြီး ဒေါ်မြမူကို
သွားကူပေးရသည်။ မိုးရွာတိုင်း သူမတို့ ခုလို အလုပ်ရှုပ်
နေကျ။ အိမ်လေးက ထရံကာဆိုတော့ မိုးရွာရင်
ထရံပေါက်က စိမ့်ပက်တာကြောင့် မိုးကာနဲ့ အတွင်းက
နေ ထပ်ကာရသည်။

"ဒီတစ်ခုတည်းနဲ့ လောက်ပါ့မလား"

"ဗီနိုင်းတွေတော့ ရှိသေးတယ်…အဲ့ဒါတွေနဲ့ ကျန်တဲ့
နေရာတွေကို ကာရမှာ"

"ကျန်တာတွေ သမီးပဲ ဆက်လုပ်လိုက်တော့မယ်…
မေမေသာ အဝတ်အစား သွားလဲလိုက်"

ဒေါ်မြမူကိုယ်မှာ မိုးရေတွေ စိုနေ၍ ပြောလိုက်ခြင်းဖြစ်
သည်။

"သမီးလည်း မြန်ုမြန်လုပ်နော်…မိုးမိထားတာကို"

"ဟုတ်ကဲ့ပါ…ဒါကို စိုလက်စနဲ့ တစ်ခါတည်း လုပ်လိုက်
တော့မယ်…ပြီးမှ အဝတ်လဲလိုက်တော့မယ်"

ဒေါ်မြမူ သမီးဖြစ်သူကို ကြည့်ပြီး သူမလေးအတွက်
ဂုဏ်ယူမိသည်။

သမီးလေးမွေးထားပေမယ့် သားတစ်ယောက်လို
အားကိုးရသည်။ မိန်းကလေးတန်မဲ့ အလုပ်ကြမ်းတွေ
ကိုလည်း မညည်းမညူ လုပ်နိုင်သည်။

သူမတု့ိက အထည်ကြီးပျက်တွေဆိုပေမယ့်
မေမိုးအနေနဲ့ နုနုရွရွ မနေတတ်။ အရင်ကတည်းက
အပြောပြတ်၊ အလုပ်ပြတ်မို့ ဦးမြင့်မိုရ်က ''ငါ့သမီးက
ငါ့ခြေရာကို နင်းမှာ´´ တဲ့။ ''ငါ့ထက်တောင် ခြေလှမ်း
ကြီးဦးမှာ´´ တဲ့။

Together ForeverWhere stories live. Discover now