Episode -9

976 50 0
                                    

<Unicode>

"သုံးဆောင်လို့ ရပါပြီရှင်...လိုတာရှိရင်လည်း ပြော..."

မေမိုး အစားအသောက်တွေကို မှာထားတဲ့ဧည့်သည်
ဆီမှာ သွားချပေးရင်း သူမအကြည့်တွေက
ထိုဧည့်သည် ကိုင်ဖတ်နေတဲ့ သတင်းစာဆီ
ရောက်သွားတော့ စကားလုံးတွေက အလိုလို ရပ်တန့်
သွားသည်။

'ဒီလူကြီးကို ငါ ဘယ်မှာ မြင်ဖူးပါလိမ့်'

°°မသန်စွမ်းကလေးများအတွက် သိန်း ၃၀ ကို လှူဒါန်း
ခဲ့သည့် ဦးမင်းထိုက်°°

သတင်းခေါင်းစီး အကြီးကြီးနဲ့ ပါလာတဲ့ ဦးမင်းထိုက်
ဆိုတဲ့ လူကြီး။ ပုံထဲမှာ ပြုံးနေပေမယ့် သူ့အပြုံးတွေကို
သူမ မနှစ်သက်။

ဒီလူကြီးကို သူမစိတ်ထဲမှာ ရင်းရင်းနှီးနှီး သိနေသလို။
ဘယ်မှာ တွေ့ဖူးပါလိမ့်။

ရုတ်တရက်ဆိုသလို သူမ အမြင်တွေက ဝေဝါးလာ
သည်။ နဖူးစပ်မှာ ချွေးလေးတွေ ဆို့လာသည်။
ခေါင်းတွေလည်း မူးနောက်လာသည်။

''ဂရုစိုက် ပြန်နော် သမီး''

ဘာတွေလဲ။ သူမအသိတွေက ဝေဝါးနေသည်။
သူမကို ပြုံးပြနေတဲ့ ဦးမင်းထိုက်ရဲ့ ပုံရိပ်နဲ့ အသံတွေက
ဝေဝေဝါးဝါး။

"အ !"

နားထင်ကို လက်နဲ့ ထောက်ထားရင်းမှ ရုတ်တရက်
လူက ယိုင်သွားသည်။

"မေမိုး...နေမကောင်းဘူးလား"

တော်ပါသေးရဲ့။ ယွန်း သူမအနားကို အမြန်ရောက်
သွားလို့။

"မနေ့က ပင်ပန်းထားတာကြောင့် ထင်တယ်...အိမ်ပြန်
ပြီး နားလိုက်ပါလား...ငါ ဂျာကြီးကို ပြောထားပေးမယ်"

"ရတယ် မယွန်း...ကျွန်မ နေကောင်းပါတယ်"

သူမကသာ နေကောင်းတယ်လို့ ဇွတ်ပြောနေသည်။
မျက်နှာကတော့ လုံးဝကို ဖြူဖပ်နေသည်။

"မေမိုးရယ်...နင့်ကို ကြည့်ပြီး စိတ်မချမ်းသာလိုက်တာ
နေမကောင်းရင်လည်း ပေမနေနဲ့...အိမ်ပြန်ပြီး
နားလိုက်"

"ဒါပေမယ့်..."

"ကဲပါ...ငါ ဂျာကြီးကို ပြောထားပေးပါမယ်...နင်သာ
ထူးဝေကို လာကြိုခိုင်းလိုက်"

Together ForeverWhere stories live. Discover now