Episode -25

877 37 0
                                    

<Unicode>

ကလျာမေ အစ်ကိုဖြစ်သူ အိမ်ပြန် မလာတာ
၄ ရက်ခန့် ရှိပြီဖြစ်၍ အခြေအနေ မကောင်းမှန်း
သိလိုက်သည်။ ထိုနေ့က ဝေယံ့ကို တားဖို့ကြိုးစား
ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် ကိုကိုအဖမ်းခံ
လိုက်ရပြီဆိုတာကို စိတ်က သိနေသည်။

ပိုပြီးသေချာသွားအောင် မေမိုးရဲ့အခြေအနေကို
သွားလေ့လာတော့ မေမိုးက အကောင်းအတိုင်း
ပင်။ ဈေးထဲကိုသွားပြီး ဟင်းချက်စရာတွေကို
တောင် ဝယ်နေလေရဲ့။

ထောင်မှထွက်လာတာ တစ်လပင် မပြည့်သေးတဲ့
ကိုကို့က ခုလိုပြန်အဖမ်းခံလိုက်ရတယ်ဆိုတာကို
သိလိုက်ရတော့ မေ့အတွက် ခိုကိုးရာမဲ့သွားသလို။

ခုချိန်မှာ သူမကိုကူညီပေးနိုင်မယ့်လူက တစ်ဦး
တည်းသာ ရှိတော့သည်။

"ဟော...ကလျာမေ...ပြောပါဦး...အခြေအနေ
လေး...ဘယ်လိုလဲ...OK ရဲ့လား"

ဧည့်ခန်းထဲမှာ ခြေချိတ်ထိုင်နေရင်း မချိပြုံး ပြုံးကာ
ပြောနေတဲ့ အမျိုးသမီးတစ်ဦး။ သူရဲ့ အပြင်အဆင်
တွေက မေ့ထက်ပင် အမြင်ရိုင်းနေသည်။

"ဒေါ်မာလာ...ရှင် သိပြီးပြီမဟုတ်လား"

"ဟင်းဟင်း...ဒါပေါ့...နင့်ကို ငါ ကြိုပြီးသတိပေးခဲ့
သားပဲ...မေမိုးမြင့်ဆိုတဲ့ဟာမကို လျှော့မတွက်နဲ့
လို့...ခုတော့ နင့်အဖြစ်က မြွေပါလည်းဆုံး
သားလည်းဆုံးလို ဖြစ်နေပြီ...ဟင်းဟင်း"

ဒေါ်မာလာ့စကားကြောင့် မေ့မျက်နှာက ချက်ချင်း
တင်းမာသွားသည်။

"ဒေါ်မာလာ...ရှင် အဲ့လိုရယ်မနေပါနဲ့...
ရှင်ပြောတော့ ဖြစ်လာမယ့်ကိစ္စတွေကို ရှင်ပဲ
တာဝန်ယူမယ်ဆို...ခု ကျွန်မအစ်ကိုကို
ထောင်ထဲက ပြန်ထုတ်ပေး"

"ဟားဟား...ရယ်စရာတွေလာပြောနေတာလား
ဒီမှာ ကလျာမေ...ငါပြောခဲ့တဲ့ တာဝန်ယူမယ်
ဆိုတဲ့ကိစ္စက ငါ့လက်ထဲကို မေမိုးမြင့်ရောက်လာ
မှလေ...ဟင်း...ခုတော့ သူက လွတ်သွားတယ်
ဆိုတော့ နင့်အစ်ကို ညံ့လို့ဖြစ်တာ...ဒါကြောင့်
ဒီကိစ္စကို ငါ လုံးဝတာဝန်မယူနိုင်ဘူး"

"ရှင် စကားကို လူလိုပြောနော်"

"လူလိုပြောလို့ နင်နားလည်တာ မဟုတ်ဘူးလား"

Together ForeverWhere stories live. Discover now