Episode -18

863 41 0
                                    

<Unicode>

မေမိုး အိပ်ရာက နိုးလာတော့ ဝေယံက သူမကို
ဖက်ထားဆဲ။ သူ့ရင်ခွင်ထဲက ရုန်းထွက်ရင်း
မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။

"ဟင် !...စောစောစီးစီး ဘယ်က ဆက်တာပါလိမ့်"

ရေချိုးခန်းထဲက ထွက်လာတော့ သူမဖုန်းလေးက
အသံမြည်လာသဖြင့် ကြည့်လိုက်တော့
ဒေါ်ဖြူဖြူဝေ့ဆီက ဖြစ်သည်။

"ဟုတ်ကဲ့ မာမီ...ပြောပါ"

သူမလည်း ဝေယံခေါ်သလို မာမီလို့သာ ခေါ်လိုက်
သည်။

^^ဝေယံရော...ဘာလုပ်နေလဲ^^

"သူလား...ရှိတယ်...ခုထိ မနိုးသေးဘူး"

^^သားက လိမ်လိမ်မာမာ နေရဲ့လား^^

"ဟုတ်...လိမ္မာပါတယ်...အလုပ်လည်း သွားတယ်...
ချက်ကျွေးသမျှလည်း စားတယ်...သမီးစားလက်စ
ပန်းကန်တွေကို ခဏခဏ ယူစားလို့တောင် စိတ်ညစ်
ရသေးတယ်"

^^ဟေ !...သားက သမီးစားလက်စ ပန်းကန်ကို ယူစား
တယ်...ဟုတ်လား^^

"ဟုတ်တယ် မာမီ...သမီးက မစားနဲ့လို့ ပြောတော့
သူက မရွံတတ်ပါဘူးတဲ့"

^^ဘုရားရေ !^^

"ဘာဖြစ်လို့လဲဟင်"

^^သားက သူများစားလက်စကို မပြောနဲ့...သူများထဲ
ကတောင် တစ်ခါမှ နှိုက်စားဖူးတာ မဟုတ်ဘူး...
အရမ်းလည်း ရွံတတ်တာ^^

"ရှင် !...ဟုတ်လို့လား မာမီရဲ့...သူ့ကြည့်ရတာ ရွံတဲ့ပုံ
မပေါ်ပါဘူး...အားရပါးရကို စားတာ"

^^ဟယ်...တကယ်လား...မြရေ...ဖြူ့သားလေးတော့
သမီးလေးနဲ့တွေ့မှ ပြောင်းလဲလာပြီတော့^^

"မာမီ...ဘေးမှာ မေမေလည်း ရှိနေတာလား"

^^အေး...ဟုတ်တယ် သမီးရဲ့...ပြောဦးမလား^^

"ဟုတ်"

သူမ မဆိုင်းမတွဘဲ ဖြေလိုက်သည်။ တစ်ခါမှ မခွဲဖူး၍
မေမေ့ကို တကယ်ပဲ သတိရနေခဲ့သည်။

"မေမေ"

^^သမီး...အဲ့မှာ လိမ်လိမ်မာမာ နေနော်^^

"ဟုတ်"

^^ဝေယံ့ကိုလည်း ဂရုစိုက်နော်...စိတ်ညစ်စရာရှိရင် တစ်ယောက်တည်း ကျိတ်မငိုနဲ့...ပြဿနာတွေကို
တစ်ယောက်တည်း ကျိတ်မဖြေရှင်းနဲ့...ကြားလား^^

Together ForeverWhere stories live. Discover now