အပိုင်း - ၁

8.4K 610 37
                                    

ရှိတယ်​ ဆိုတာ မင်းယုံလား ?

သူတို့ရဲ့ ဖြစ်​တည်​မှုက တကယ်​​ရော တည်​ရှိရဲ့လား ?

ဒါမှ မဟုတ်​ သူတို့က ယုံတမ်းပုံပြင်​​တွေရဲ့ ဇာတ်​​ကောင်
ရော မဖြစ်​နိုင်​ဘူးလား ??

ငါမင်းကို ပုံပြင်​​လေး တစ်​ပုဒ်​​ပြောပြမယ်​ မင်းနား​ထောင်
ချင်​လား ??

သိပ်​ကို လှပလွန်းတဲ့ အချစ်​ပုံပြင်​​လေး တစ်​ပုဒ်​​ပေါ့

သက်​တန့်​​ရောင်​စုံ ချစ်​ခြင်းပုံပြင်​လေး တစ်​ပုဒ်
အစပျိုးခဲ့သည်

🌸🌸🌸 Secret Of Peach Blossoms🌸🌸🌸🌸

လွန်​ခဲ့​သော နှစ်​သန်း​ပေါင်းများစွာက

"" ကျီယန်​ မင်းဘယ်​​တွေ ​လျှောက်​သွားပြန်​တာလဲ ""

"" တပည့်​ ဥယျာဉ်​ထဲမှာ မက်​မွန်​မျိုး​စေ့ သွားယူ​နေတာပါ ဆရာ ""

"" ကျီယန်​ မင်းက ဇာမဏီ မျိုးနွယ်​ရဲ့ ​နောက်​ဆုံး
ကျန်​ရှိတဲ့ တစ်​ဦးတည်း​သော နတ်​ဘုရားဘဲ
ဒါကို မင်းက နတ်​ဘုရား စစ်​စစ်​ တစ်​​ယောက်
ဖြစ်​​နေရဲ့သားနဲ့ မင်းရဲ့ ထာဝရ စွမ်းအားကို
မထိန်းချုပ်နိုင်သေးဘူး မင်းရဲ့ တိုက်​ခိုက်​မှုစွမ်းရည်​က
လည်း သာမန်​ နတ်​ငယ်​တပါး​လောက်​​တောင်
စွမ်း​ဆောင်​နိုင်​ခြင်းမရှိဘူး ဒါကို​​တောင်​ မင်းက
လေ့ကျင့်​​နေရမယ့်​အစား မက်​မွန်​ပင်​​တွေနဲ့
အချိန်​ကုန်​​နေတယ်​ ကျီယန်​ မင်းက နတ်​ငယ်
တစ်​ပါးမဟုတ်​ဘူး​နော်​ မင်းက ​ရှေး​ဟောင်း
ဇာမဏီနတ်​ဘုရားတစ်​ပါးဘဲ မင်းရဲ့ ထာဝရ အစွမ်းက
ဘယ်​​လောက်​ထိ သက်​​ရောက်​မှုရှိလဲဆိုတာ
မင်းသိရဲ့လား ""


မှုတ်​ဆိတ်​ဖြူ ဖြူ တို့နှင့်​ ​ရွှေ​ရောင်​ ဝတ်​ရုံကို
ဝတ်​ဆင်​ထား​သော ဆရာသည်​ တန်​ခိုးကြီးလှ​သော
ရှေး​ဟောင်း နတ်​ဘုရား ပီသစွာ ကိုယ်​​ရောင်​ကိုယ်​ဝါ
တောက်ပလွန်းလှသည်

Secret Of Peach Blossom Where stories live. Discover now