နှစ်ပေါင်း ၁၀၀၀ ကြာပြီးသည့်နောက် ………
"" ကျစ် !! ""
လက်ညိုးနှင့် လက်ခလယ်ကြားထဲတွင် ကျားစေ့
အမည်းရောင်လေးကို ညှပ်ထားရင်း
မျက်မှောင်ကြီးကုတ်ကာ … ဆူပုတ်နေသော
ပိုင်ကျန်း…မျက်နှာချင်းဆိုင်မှ ထိုင်ကာ … မက်မွန်ပွင့် ရေနွေးကို
အရသာခံကာ သောက်နေသော ကျီယန်က ခပ်ပြုံးပြုံးပိုင်ကျန်းမှာ ကျားစေ့ကို ဟိုနား ချ ရနိုးနိုး
ဒီနားချ ရ နိုးနိုးနှင့် အချိန်ဆွဲ နေသည် …သေချာသည်က သူအရှုံးကို လက်မခံနိုင်ဘဲ
ဟိုဝေ့ ဒီဝေ့ နှင့် အကြောင်းပြချက် ရှာနေပုံ ရသည်သူ့အရှုံးကို ကျီယန်က ဖော်ပြလိုက်လျှင်လည်း
စိတ်ကောက်ကာ ကျားစေ့ခုံကြီးကို ဆွဲမှောက်ပြီး
ချင်းချိုးက မြေခွေးသားရဲဂူကို တစ်ပတ်ကိုးသလင်း
ပြန်သွားပါလိမ့်မည် …သို့သော် ကျီယန် ကိုယ်တိုင် မချော့ရပါဘဲ …
သူ့လိုလို စိတ်ကောက်ပြေကာ ဆယ်မိုင်မက်မွန်တောဆီ . အကြောင်းပြချက် မရှိ
ပြန်ရောက်လာပါလေရော …ပြီးလျှင် ကျီယန် နှင့် စောင်းတီးခြင်း …
ကျားစေ့ တိုးခြင်းများကို ပြန်လည် ပြို င်ဆိုင်ပါလိမ့်မည်ဒါဟာ ကျီယန် နှင့် ပိုင်ကျန်း၏ နှစ်ပေါင်းတစ်ထောင်အတွင်း မရိုးအီနိုင်သော
အမူအကျင့်ဖြစ်လေသည်ယခုတွင်လည်း ပိုင်ကျန်းတစ်ယောက်
အရှုံးကို လက်မခံနိုင်ဘဲ … အချိန်ဆွဲနေခြင်းဖြစ်သည်ကျီယန်ကတော့ ခပ်ပြုံးပြုံးနှင့် ပိုင်ကျန်း၏ အလိုမကျသော ဆူပုတ်ပုတ် မျက်နှာထားကို
ရှုစားနေဆဲ"" ကျီယန် နတ်သခင် ""
လေးစားသမှုနှင့် ခေါ်သံတိုးတိုးကြောင့်
ပိုင်ကျန်းရော ကျီယန်ပါ တပြိုင်တည်း လှည့်ကြည့်မိလိုက်ကြသည်"" မိကူး ဘာအကြောင်းရှိလို့လဲ ""
ကျီယန်၏ အမေးမဟုတ် … အရှုံးကို ရင်မဆိုင်ချင်သော
ပိုင်ကျန်းတစ်ယောက် အကြောင်းပြချက် ရသွားသဖြင့်
ခပ်မြူးမြူးထွက်လာသော အသံဖြစ်သည်