အပိုင်း - ၁၆

3.9K 612 43
                                    

ကျားစေ့အဖြူ လေးကို … လက်ညိုးနှင့် လက်ခလယ်ကြား ညှပ်ထားရင်း …… ကျားစေ့ခုံပေါ်သို့
နေရာချရန် တွေးတောနေသော ကျီယန်

ကျီယန်၏ နံဘေးတွင် … ခွေခေါက်ကာ …လိမ်ကောက်နေသော ပိုင်ကျန်း

ရှည်လျားလှသော အရပ်ကို မှ အားမနာ
ကျီယန် ပေါင်ပေါ် ခေါင်းအုံးထားရင်း
နဖူးနှင့် ဒူး ထိအောင်ကွေးကာ လိမ့်ပိတ်နေသော
ပိုင်ကျန်း ကြောင့် ကျီယန် အာရုံ ပျက်လာသည်

"" ပိုင်ကျန်း … ငြိမ်ငြိမ်နေစမ်း ""

ကျီယန် ခပ်ဟောက်ဟောက် ပြောလိုက်ရင်း
လက်ထဲမှ ကျားစေ့ကို … နေရာချလိုက်သည်

"" ကျစ် … ရှုံးသွားပြီ . ပိုင်ကျန်း … ဘယ်လိုတွေ
အာရုံ လာနောက်နေတာလဲ … ဘယ်လိုမှ
အာရုံ စုစည်းလို့ မရဘူး "'"

ကျီယန် ၏ ငြူ ငြူ စူစူ အပြောကြောင့် ပိုင်ကျန်း
တစ်ယောက် ငြိမ်ကျသွားကာ သစ်သားကွပ်ပျစ်လေးကို  လက်သည်းဖြင့် တစ်ဂျစ်ဂျစ် ကုတ်ခြစ်နေသည်

ပြောလိုက်ရင်ဖြင့် ကျီယန် အလွန်ပင် ဖြစ်ဦးမည်

"" သွား အိပ်ချင်ရင် … အိမ်ထဲ သွားအိပ် …
မဟုတ်ရင် . ငါ ရေကန်ထဲ ကန်ချ ထားမှာနော်
ငါ့အကြောင်းသိတယ် မဟုတ်လား ""

ကျီယန်၏ အပြောကို ပိုင်ကျန်းက ခေါင်း
တဆတ်ဆတ် ငြိမ့်ရင်း ထောက်ခံသည် …
သူငြိမ်ငြိမ် နေပါ့မည် ဆိုသည့် သဘော

ကျီယန် ကျားစေ့ခုံကို တဖန် ပြန်ပြင်လိုက်ရင်း
နောက်တစ်ကြိမ် ဆော့ကစားဖို့ ပြင်လိုက်သည်

ပိုင်ကျန်းတစ်ယောက်  ကျီယန်ပေါင်ပေါ် ခေါင်းအူံးထားရင်း ပက်လက်လန်ကာ … ကျီယန်၏
မျက်နှာချောချောကို ငေးမောကြည့်နေသည်

ကျားစေ့ကို ကိုင်ကာ … နေရာချရ နိုးနိုး တွေးတောနေသော  ကျီယန်၏ ပုံသဏ္ဍာန်သည်
အစွမ်းကုန် ပွင့်လန်းနေသော မက်မွန်ပွင့်လေး
တစ်ပွင့်လိုပင် … လေတိုက်တိုင်း ဝှေ့ဝှေ့လွင့်ပါနေသည် လှရက်လိုက်လေခြင်း

ကျီယန် ၏ ခါးစည်းကြိုးစ အရှည်ကို လက်ညှိုးလေးနှင့်
ရစ်ပတ်ကာ … ဆော့ကစားရင်း ကျီယန်၏ မျက်နှာကို
တမေ့တမော ငေးမောနေသော ပိုင်ကျန်း

Secret Of Peach Blossom Where stories live. Discover now