""ပိုင်ကျန်း လွှတ်စမ်း ""
အမြဲလိုလို လေတိုးသံနှင့် မက်မွန်ပွင့်ဖတ်လေးတွေ
ကြွေကျသံမှအပ တိတ်ဆိတ်နေတတ်သော
ကျီယန်၏ မက်မွန်တောသည် … ယခုတွင်တော့
ကျီယန်၏ အသံတို့ဖြင့် ဆူညံနေသည် …နှစ်သန်းပေါင်းများစွာ … ထိန်းသိမ်းလာသော
ကျီယန်၏ မဟာ အိနြေ္ဒသည်လည်း
ပိုင်ကျီ ရဲ့ အငယ်ဆုံးသားနှင့်တွေ့မှ … လုံးဝ
သုံးစားလို့ မရတော့ …အခုလည်းကြည့် … အိပ်ရာက နိုးထဲက
ကျီယန်ဘယ်သွားသွား နောက်က လိုက်နေသည်
ဆေးကျိုလည်း သူပါသည် … ဝိုင်ချက်လည်း
သူပါသည် … ငါးမြှားလည်းသူပါသည်
ကျားထိုးလည်း သူပါသည် …ကျီယန်လို တစ်ယောက်တည်း နေတတ်တဲ့
သူအဖို့ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းတဲ့
ကိစ္စလဲကျီယန် ရဲ့ ဝတ်ရုံစကို ကိုက်ဆွဲကာ နောက်က
တရွတ်တိုက်ပါလာသော … မြေခွေးပေါက်ကို
ကန်ထုတ်ပစ်ချင်တာ ခြေထောက်တွေကို
ယားနေတာဘဲ … သိပ်ကို ဆိုးလွန်းတယ်သူ့အဖေ ပိုင်ကျီ ဆီ ပြန်ပို့လိုက်လည်း
နေ့တစ်ပိုင်းမကြာ … ခဏနေ ပြန်ရောက်ချလာတာဘဲ
ဘယ်လို နှင်ထုတ် နှင်ထုတ် ပေကပ်နေသည်
ကျီယန် ဘယ်လို ဆူဆူ အဲ့မြေခွေးပေါက်က ဂရုပင် မစိုက်"" ပိုင်ကျန်း လွှတ်လို့ ပြောနေတယ်…
ငါ အနောက်ဘက် လွင်ပြင်အရပ်ကို သွားမှာ
နေခဲ့ ""ထိုမြေခွေးပေါက်က ကျီယန် စကားကို
အလေးပင်မထား … ဝတ်ရုံကို မလွှတ်တမ်း
ခြေကန်ကာ ကိုက်ဆွဲထားသည်ကန်ထုတ်လိုက်ရင် တစ်ချက် ကန်စရာတောင်
မရှိဘဲနဲ့ …"" အနောက်ဘက်လွင်ပြင်အရပ်ကနေ
မင်းအတွက် … စီးတော်ငှက် တစ်ကောင်
ဖမ်းခဲ့ပေးမယ် … လွှတ်တော့ ""ဒီမြေခွေးပေါက်က စီးတော်ငှက်တွေကို
ဘာထင်တယ်မသိ … မျက်လုံးတွေ အရောင်လတ်သွားကာ ကျီယန် ဝတ်ရုံစကို
ကိုက်ဆွဲထားရာကနေ လွှတ်ပေးလေသည်
![](https://img.wattpad.com/cover/145896798-288-k200914.jpg)