အပိုင္​း - ၇

3.7K 602 114
                                    


ကျီယန် မက်မွန်တောကို ပြန်လာတော့
နောက်ကနေ တကောက်ကောက်လိုက်လာသော
ပိုင်ကျန်းကို ငုံ့ကြည့်ရင်း သက်ပြင်းချလိုက်သည်
ဒီအကောင်ပေါက် လက်မလျော့သေးပေ

"" ပိုင်ကျန်း . နေခဲ့ နေကောင်းသေးတာမဟုတ်ဘူး
နေကောင်းမှလာခဲ့ ""

ချင်းချုံ ပြည်အပေါက်ဝ ရောက်သည်အထိ အကောင်ပေါက် ကျီယန်ကို တအီအီနဲ့ ပြန်ခံပြောရင်း
လိုက်ပါ ပြောဆိုနေဆဲ

ကျီယန် ခြေလှမ်းတို့ကို ရပ်တန့်လိုက်ကာ
မျက်လုံးကို စုံမှိတ်လိုက်သည် . သူ ဒီမြေခွေးပေါက်ကို
နတ်ဘုရား အရှိန်အဝါနဲ့ နှိမ်ချထားခဲ့သင့်လား

သို့ပေတည်း  ပိုင်ကျီက သူ့သားကို
အနိုင်ကျင့်ပါတယ် ဆိုပြီး ကျီယန် မက်မွန်တောကို
မီးလာရှို့လောက်သည်  . ပိုင်ကျီ က စိတ်သိပ်ကြီးတဲ့
နတ်ဘုရား

ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ရင်း
ပိုင်ကျန်းခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်

"" နေခဲ့  နေကောင်းတဲ့အခါ အချိန်မရွေးလာခဲ့
မင်းအတွက် မက်မွန်သကြားခဲတွေ လုပ်ပေးထားမယ်""

တအီအီနဲ့ ခေါင်းကို အနည်းငယ်မော့ကာ
ကျီယန် ရင်ခွင်ထဲ တိုးဝင်လာပြန်သော ပိုင်ကျန်းကြောင့်
ကျီယန်စိတ်ရှုပ်သွားသည်
သူ မည်သူနှင့်မျှ  ဒီလောက် နီးနီးကပ်ကပ် မနေခဲ့ဖူးပေ
ဒီအကောင်ပေါက်က ပထမဆုံး နေသားမကျသေးသော
ကျီယန်အတွက် ကြီးမားလွန်းသော စိတ်အနှောင့်
အယှက်ကြီးပင်ဖြစ်သည်

ရင်ခွင်ထဲကနေ တအီအီနှင့် ပြန်ပြောနေသော
ပိုင်ကျန်းကြောင့် ကျီယန် ပြုံးလိုက်မိသည်
ကျီယန် စည်းချထားတာ ပိုင်ကျန်းသိသွားသည့်ပုံပင်

"" ငါ စည်းချထားတာ မင်းဘယ်လိုသိလဲ ""

ရင်ခွင်ထဲမှ ပိုင်ကျန်းက မျက်ဝန်းပြာပြာတွေနဲ့
ငေးကြည့်လာသည် . သူနဲ့ ပိုင်ကျန်း မျက်ဝန်းချင်း
အတန်ကြာဆုံမိသွားသည် . စတင်မျက်နှာလွှဲရသူက
ကျီယန် ဖြစ်သည်

ကောင်းကင်နဂါးမျိုးနွယ်ဖြစ်တဲ့ မိုယွမ်ရဲ့
မီးဝင်းဝင်းတောက် အကြည့်တွေကတောင်
ဒီလောက်အနေရမခက်ခဲ့ပေ

Secret Of Peach Blossom Where stories live. Discover now