အပိုင္​း - ၉

3.3K 641 130
                                    

ပိုင်ကျန်း သိပ်ဆိုးလွန်းတယ် . . . .  ကျီယန်သာ
ဒီကိစ္စမှာ ဝင်မပါခဲ့ဘူးဆိုလျှင် ပိုင်ကျန်းသေချာပေါက်
အပြစ်ပေးခံရမည် ဖြစ်သည် … ကောင်းကင်မင်းကြီး
သုံဟွာ သီကျွင်း က ဘက်လိုက်တတ်သူ မဟုတ်
သမာသမတ်နှင့် တသမတ်တည်း ရပ်တည်သူ
ဖြစ်သည် … ဘယ်လို နတ်ဘုရား မျိုးနွယ်ဖြစ်နေပါစေ
ိတိမ်းညွတ်ခြင်း မရှိ … … သံယောဇဉ်​နှောင်​ကြိုး
ချည်​နှောင်​ခြင်းကို ငြင်းဆန်​ကာ ကံကြမ္မာ​ကျောက်​တိုင်​
တွင်​တောင်​သူ့နာမည်​ကို​ဖျက်​ပစ်​ခဲ့သည့်​တပါးတည်း​သော နတ်​မင်းဖြစ်​သည်​

သိပ်ပြီးကြီးကျယ်သော ပြဿ      နာ မဟုတ်တာကြောင့်သာ ကျီယန် ဝင်ဖြေရှင်းပေးလို့ရတာ …… နောက်ဆို ကျီယန်
ပိုင်ကျန်းအား ကောင်းကင် ကိုးဘုံသို့ ခေါ်သွားခြင်း
ပြု တော့မည် မဟုတ် …

ကျီယန် တစ်ယောက် ပိုင်ကျန်းကို ပိုက်ကာ … ချင်းချိုး
ပြည်သို့ … ထွက်လာသည် … …

ပုလဲရေကန်တွင်  ငါးမျှားနေသော ပိုင်ကျီ တစ်ယောက်
ခပ်လှမ်းလှမ်းမှ သူ့သားငယ်အား … ပိုက်ကာ
လျှောက်လာသော ကျီယန်ကို တွေ့လိုက်ရသည်

အမြဲလိုလို  လျှောက်ဆော့ကာ အငြိမ်မနေတတ်သော
ပိုင်ကျန်းသည် ကျီယန် လက်ပေါ် ရောက်သွားလျှင်တော့ ငြိမ်နေတတ်သည် …

"" ပိုင်ကျီ …… ဒီမှာ  မင်းသားကို ပြန်ခေါ်ထားတော့
ငါမထိန်းနိုင်တော့ ဘူး ""

ပိုင်ကျန်းကို သူ့လက်ထဲ ထိုးထည့်ပေးရင်း …
စိတ်မကြည်သလိုပြောလာသော … ကျီယန်ကြောင့်
ပိုင်ကျီ သက်ပြင်းချလိုက်သည် … သေချာသည်က
ကျန်းကျန်းတစ်ယောက် ကောင်းကင်ဘုံတွင်
မွှေနှောက်လာခဲ့ပုံပေါ်သည် …
ပိုင်ကျီလက်ထဲ ရောက်သည် နှင့် … ယက်ကန်ယက်ကန် နှင့် အတင်းရုန်းနေသော
ပိုင်ကျန်းခေါင်းကို ခပ်ဆတ်ဆတ်လေး တစ်ချက်
ရိုက်လိုက်သည် … ဘယ့်နှယ့် အဖေမှားနေသလား
အောက်မေ့ရသည် … သူ့အဖေရင်းဖြစ်သော
ပိုင်ကျီလက်ထဲတွင် တခါမျှ ဖင်ပူအောင် မနေသော
ပိုင်ကျန်းက … ကျီယန် လက်ထဲတွင်တော့ ဘယ်လို
ဖြစ်ဖြစ် ဘယ်လိုဆူဆူ မရမက … အရိုက်ခံပြီး
နေရင်နေသည် …

Secret Of Peach Blossom Where stories live. Discover now