သေမျိုးနယ်ပယ်ရောက်လာချိန်တွင်…
လမ်းအသွယ်သွယ် တွင် မီးပုံးနီနီများ ချိတ်ဆွဲထားကာ
လူအများဖြင့် ရှုပ်ယှက်ခတ်နေကြသည် …စားသောက်ဆိုင်များ တည်းခိုခန်းများမှ
စားပွဲထိုးလေးများက အသံစာစာဖြင့် ဧည့်သည်ခေါ်နေကြသည် … လမ်းမ အလယ်တွင်
ကျီယန် ကလေးတစ်ယောက် ချီကာ
ဟိုဟို ဒီဒီ လှည့်ပတ်ကြည့်နေမိသည် …
ပျားပိတုန်းများလို ရှုပ်ယှက်ခတ်နေသော လူအများက
လမ်းမ အလယ်တွင် ရပ်နေသော ကျီယန်ကို
ဝင်တိုက်သွားကြသည် …မိန်းမငယ်တို့၏ တခစ်ခစ် ရယ်မောသံတွေ
အမူးသမားတို့၏ ခွန်းကြီးခွန်းငယ် ငြင်းခုံနေကြသံတွေ
စားပွဲထိုးလေးများ၏ ဧည့်ခေါ်သံတွေ
ကလေးငယ်များ၏ တအီးအီး ငိုသံတွေကြောင့်
ကျီယန် နားတွေအူကာ ခေါင်းတွေ နောက်ကျိလာသည်အမြဲလိုလို တိတ်ဆိတ်နေသော မက်မွန်တောထဲတွင်
သာ နေခဲ့သော ကျီယန်အတွက် … ဒီလို
ဆူဆူညံညံအသံတွေက ငရဲပြည်မှ ဆူပွက်သံတွေအလားပိုင်ကျန်းကတော့ လက်ခုပ်တီးကာ
ခေါင်းလေးကို လည်ရင်း ဟိုဟို ဒီဒီ လှည့်ပတ်ကြည့်နေသည် … ကျီယန် အထည်ဆိုင်တစ်ခုကို မြန်မြန်ရှာ … ပိုင်ကျန်းအတွက်
ဝတ်ရုံ ဝယ်ပေးပြီးတာနဲ့ ဒီသေမျိုးနယ်ပယ်ကို
ခြေ မချတော့ဖို့ ဆုံးဖြတ်ထားသည်"" သခင်လေး … နွီအာ ဘာများကူညီပေးရမလဲဟင်""
ကျီယန်၏ လက်မောင်းတစ်ဖက်ကို ဖက်တွယ်ကာ
ဖွံ့ထွားလှသော ရင်သားအလှကို ခပ်ဟိုက်ဟိုက်
ဖော်ကျူးထားရင်း မျက်နှာချေ အပြည့်နှင့်
မိန်းမငယ်လေးတစ်ယောက် ချွဲနွဲ့နွဲ့နှင့် မူပိုကာ
မေးမြန်းလာသည်သူ့လက်မောင်းကို ဖက်တွယ်ထားသော
မိန်းမငယ်၏ လက်တို့ကိုငုံ့ကြည့်ရင်း
ကျီယန် မျက်နှာထားဟာ အေးစက်ကာ တင်းမာလာသည် … စိတ်ရှုပ်နေသော အမူအရာမှ
တဆင့် ဒေါသလက်သို့ ကူးပြောင်းလာသလို
မျက်နှာတစ်ခုလုံး နီရဲလာသည်"" လွှတ်စမ်း""
ကျီယန်၏ အေးတိအေးစက် အသံကြောင့်
ထိုမိန်းမငယ်က …အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း ဖက်တွယ်ထားသော ကျီယန်၏ လက်ကိုတော့
မဖြု တ်