အပိုင္​း - ၈

3.5K 614 108
                                    

ပိုင်ကျီကို ရှောင်ထွက်ချင်လို့သာ ကောင်းကင်ဘုံ
ပေါ် တက်ဖို့ပြောခဲ့သော်လည်း … ကျီယန် ကောင်းကင်ဘုံ မရောက်တာ နှစ်ပေါင်းတော်တော်
ကြာသွားပြီဖြစ်သည် … လက်ထဲက ပိုင်ကျန်းကို
ငုံကြည့်လိုက်တော့ အိပ်ပျော်နေဆဲဖြစ်သည် …

သူဘဲကောင်းတယ် .လုပ်ချင်ရာ လုပ်ထားပြီး
အေးအေးဆေးဆေး အိပ်နေနိုင်သည်

"" နတ်ဘုရား ကျီယန်ကို အရိုအသေပြု ပါတယ် ""

မြေခွေးတစ်ကောင်ပိုက်ကာ ကောင်းကင်တံခါးဝမှာ
ရုတ်တရက်ပေါ်လာသော နတ်ဘုရားကျီယန်ကို
အစောင့်နတ်စစ်သည်နှစ်ဦးက အလောတကြီး
အရိုအသေပြု ကြသည် …  နတ်သားနှစ်ဦး၏
အသံကြောင့် နတ်ဘုရားကျီယန် လက်ထဲမှ
မြေခွေးငယ်လေးက လှုပ်လှုပ်ရွရွ ဖြစ်လာသည်

ကျီယန် အရိုအသေပြု သော နတ်နှစ်ပါးကို
အသံတိုးတိုးပြောဖို့ အလျင်မမှီလိုက် .… လက်ထဲက
ပိုင်ကျန်းသာ နိုးသွားသည် ……

ကျီယန် အောက်ကို ချပေးလိုက်သည်အထိ …
ပိုင်ကျန်းပုံက အိပ်ချင်ပြေသေးသည့် ပုံမပေါ်
ကျီယန် ကောင်းကင်မုဒ်ဦးထဲ ဝင်သွားတော့
နောက်မှ တောင်ကြည့် မြောက်ကြည့်နှင့်
လိုက်ပါလာသည် … … တိမ်ဆိုင်တွေကို
တစ်ခါမှ မထိမကိုင်ဖူးသော ပိုင်ကျန်းတစ်ယောက်
သူ့လက်ကလေးတွေအောက်မှ မြူ ခိုးဖြူ ဖြူ တို့ကို
လက်လေးဖြင့် လှမ်းကိုင်ကြည့်လိုက်သော်လည်း
နစ်ဝင်သွားသည်…  ကိုင်လို့မရပေ .
မြေကြီးမရှိပါဘဲ … ဒီမြူ ခိုးပေါ်မှာပင် … ကောင်းကင်
ဘုံနတ်မင်းတွေက နန်းတော်ကြီးတွေ တည်ထားကြသည် 

ကောင်းကင်ဘုံ နတ်မင်းတွေက သိပ်အစွမ်းကြီးတာဘဲ

ပိုင်ကျန်းနေရာ အနံ့ခေါင်းလည်ကာ လိုက်ကြည့်နေသည်… မြင်မြင်သမျှ မြူ ခိုးဖြူ ဖြူ တို့ဖြင့်
အုံ့ဆိုင်းနေကာ … ရွှေရောင် တလက်လက်
တောက်နေသည် .… ခမ်းနားသော နန်းဆောင်ကြီး
တွေက တိမ်ဆိုင်တွေပေါ်မှာ ဝင့်ကြွားစွာ တည်ရှိနေသည်… မိုးပေါ်တွင် ပျံ လွှားနေကြသော
နတ်သမီးများက အဖြူ ရောင် ပုဝါလေးတွေ
လွင့်ပါးနေသလို နွဲ့နှောင်းကာ … ကခုန်နေကြသည်

Secret Of Peach Blossom Where stories live. Discover now