part - 8

5.7K 465 0
                                    

Unicode

ဆုံစည်းစေသော ကံကြမ္မာ

အပိုင်း - ၈

"မဆည်းဆာချို ကျွန်တော်နဲ့ အတူ ကော်ဖီတစ်ခွက်လောက် သောက်မလား "

"ကျွန်မကို ဆည်းဆာချိုလို့ပဲ ခေါ်ပါ ။ ကျွန်မ ခုအလုပ်ကိစ္စရှိသေးလို့ နောက်တစ်ခေါက်မှ ပြန်တွေ့တာပေါ့ "

"ကောင်းပါပြီဗျာ "

"ဒါ ကျွန်မ ဖုန်းနံပါတ်ပါ ။ ရှင့်ကားပြင်စရိတ်ကို ကျွန်မ ပြန်ပေးပါ့မယ် "

"ရပါတယ်ဗျာ ၊ ပြန်ပေးဖို့ မလိုပါဘူး ။  ဒါပေမဲ့ ဆည်းဆာချို ဖုန်းနံပါတ်တော့ ကျွန်တော် ယူသွားလိုက်မယ် "

"ဟုတ်ကဲ့ပါ ကိုသူရ "

ဆည်းဆာချိုသည် ကားကို မောင်း၍ ပါကင်ထိုးကာ ကုမ္ပဏီထဲ ဝင်သွားသည်။

"ဆည်းဆာချိုလည်း ဒီကုမ္ပဏ္ဍီကပဲလား "

လိပ်စာကတ်လေးကို သူရ ကြည့်လိုက်တော့ အံ့သြသွားရသည်။ ဆည်းဆာချိုက သည်ကုမ္ပဏ္ဍီ၏ ပိုင်ရှင်ဖြစ်နေသည် ။ သူက အားလုံးပြည့်စုံပြီး စိတ်ထားလည်းကောင်းရဲ့သားနှင့် သူ့ ချစ်သူက ဘာလို့ တခြားသူနဲ့ လက်ထပ်သွားတာပါလိမ့် ။ သူရ စဉ်းစားနေမိသည်။ ထို့နောက် ကားကို ပြုပြင်ရန် ဝပ်ရှော့ဆိုင်ကို မောင်းလာခဲ့သည်။

×××××××

"မင်း ဘာလို့ နောက်ကျနေရတာလဲ "

"ဟို...ကျွန်မ ကားမတော်တဆ တိုက်မိလို့ "

ခန့်ထည်ဝါသည် ဆည်းဆာချို၏အနားသို့ ကပ်သွားပြီး တစ်ခုခုများ ထိခိုက်သွားလား စိုးရိမ်ပြီး ကြည့်မိသည်။

"ကျွန်မ ဘာမှ မဖြစ်ပါဘူး ။ ကားမမောင်းတာကြာလို့ ထင်တယ် ။ မတော်တဆ ရပ်ထားတဲ့ကားကို ဝင်တိုက်လိုက်မိတယ် "

လဝန်းသည် အရင်တုန်းက နွေ နှင့် အတူတူကားမောင်းသင်ခဲ့ဖူးသည်။ လဝန်းမှာ ကိုယ်ပိုင်ကားမရှိ၍ မသင်ဖူးဆိုတာတောင် နွေက သူနှင့် အတူလိုက်တက်ပေးဖို့ ပြောသည် ။ လဝန်း သင်တန်းတက်ခဲ့ပြီး ကားကို ကျွမ်းကျင်စွာ မောင်းတတ်သွားသည်။ သည်နေ့ လဝန်း အိပ်ယာက နောက်ကျမှ ထပြီး ခန့်ထည်ဝါကို အရင်သွားခိုင်းနှင့်ကာ နောက်မှ အိမ်ကကားကို မောင်းလာပြီး နွေတို့ အလာကို ကြိုစောင့်နေခဲ့သည် ။ နွေ ကုမ္ပဏီထဲဝင်သွားမှ သူရ၏ ကားကို တမင်ဝင်တိုက်ခဲ့သည် ။

ဆုံစည်းစေသော ကံကြမ္မာ ( Completed) Where stories live. Discover now