part-16

4.8K 369 5
                                    

Unicode

ဆုံစည်းစေသော ကံကြမ္မာ

( အပိုင်း - ၁၆ )

လဝန်း၏ အနားသို့ တဖြည်းဖြည်းတိုးကပ်လာသည့် ဆည်းဆာချိုကြောင့် ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။

အား!

လဝန်း ထိတ်လန့်စွာနှင့် နိုးလာခဲ့သည်။ ဒါ အိပ်မက်တစ်ခုပါလား ။ ဘေးနားမှာ စိုးရိမ်တကြီး ကြည့်နေသည့် ခန့်ထည်ဝါကို ကြည့်ရင်း ဝမ်းနည်းစိတ်ဝင်လာပြီး ငိုချင်လာမိသည်။ ဆည်းဆာချိုက လဝန်း အနားမှာ ရှိနေတာလား ။ သူ့ ခန္ဓာကိုယ်က ထွက်သွားဖို့ပြောနေသည် ။ လဝန်း တကယ်လို့ ဝိညာဉ်ထွက်သွားရပြီဆိုရင် ကိုခန့်ထည်ဝါနှင့် နောက်ထပ် တွေ့ခွင့်ရှိပါဦးမလား ။

" မင်း ငိုနေတာလား "

"ငိုနေတယ် ဟုတ်လား "

လဝန်း တိုးတိုးလေး ရေရွတ်ရင်း ပါးပြင်ကို စမ်းကြည့်တော့ စိုစွတ်သော အထိအတွေ့ကို ခံစားလိုက်ရသည် ။ လဝန်း မျက်ရည်တွေ ကျနေခဲ့တာပဲ ။

"ဘယ်လို အိပ်မက်မျိုးမက်လို့လဲ "

"ကျွန်မ ပြန်မပြောချင်တော့ဘူး "

"ဟုတ်ပါပြီ ။ ဒါဆို ရေနည်းနည်းသောက်ပြီး ပြန်အိပ်လိုက်နော် "

ခန့်ထည်ဝါက ရေယူပေးဖို့ ပြင်တော့ လဝန်းက လက်ကို လှမ်းဆွဲလိုက်သော် ပြန်ကြည့်လာသည် ။

"ကျွန်မ ရေမသောက်ချင်ဘူး ။ ကျွန်မအနားမှာပဲ ခဏနေပေးပါလား "

"အင်း ။ မင်း ပြန်အိပ်လိုက်နော် ။ ကိုယ် မင်း အိပ်ပျော်တဲ့အထိ စောင့်နေပေးပါ့မယ် "

"အင်း "

လဝန်းသည် ခန့်ထည်ဝါ လက်ကို ကိုင်ထားမိသည်ကိုပင် သတိမထားမိတော့ ။ အဲ့သည်နောက် အိပ်ပျော်အောင် ပြန်ကြိုးစားရတော့သည်။

××××

လဝန်း မနက်နိုးလာသည့်အချိန် ဘေးမှာအိပ်ပျော်နေသည့် ခန့်ထည်ဝါကို တွေ့လိုက်ရသည်။ ထို့အပြင် လဝန်း နှင့် သူ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကြသည်။ အနီးကပ် မြင်နေရသည့် သူ့မျက်နှာချောချောကို ငေးကြည့်ရင်း ရင်ခုန်ကြည်နူးနေမိသည်။

ဆုံစည်းစေသော ကံကြမ္မာ ( Completed) Where stories live. Discover now