part-11

5.2K 442 0
                                    

Unicode

ဆုံစည်းစေသော ကံကြမ္မာ

( အပိုင်း - ၁၁ )

နွေသည် သူတို့ကို အချိန်အတော်ကြာ ရပ်ကြည့်နေပြီး ဘာလုပ်ရမှန်းမသိလောက်အောင် ဖြစ်နေမိသည်။ နွေ သွားပြီး ပြသနာရှာလိုက်၍လည်းမဖြစ် ။ ဆည်းဆာချိုက နွေ့ သူဌေးဖြစ်နေပြန်သည် ။ နွေ ဒေါသကို ထိန်းပြီး သူတို့ကို ကျောခိုင်းကာ ယမင်းတို့ စားပွဲဝိုင်းဆီ ပြန်လာခဲ့သည်။

နွေ အစားအသောက်တွေကို စားသောက်ချင်စိတ်မရှိလောက်အောင် စိတ်တွေရှုပ်နေရသည်။ ဆည်းဆာချို နှင့် သူရ ဘယ်လိုရင်းနှီးသွားလဲ နွေ တွေးရင်း ခေါင်းရှုပ်လာသည်။

"ယမင်း ၊ အစ်မ ခေါင်းနည်းနည်းမူးနေလို့ စောစောပြန်တော့မယ် "

"ဟာ...မနွေကလည်း ။ ယမင်းတို့အုပ်စု ပြီးရင် ကာရာအိုကေဆိုင်မှာ သွားကဲကြပါမယ်ဆိုမှ "

"ယမင်းရယ် ၊ အစ်မ တကယ် ခေါင်းမူးနေလို့ပါ "

"အင်း...မနွေ နေမကောင်းတော့ ဘယ်တတ်နိုင်မလဲ ။ ဒါဆို မနွေ နောက်နေ့မှ ကုမ္ပဏီမှာ တွေ့မယ်နော် "

"အင်း...Happy Birthday ! ပါ ယမင်း ။ see u tomorrow, bye "

"အင်း...မနွေ bye "

နွေသည် ယမင်းတို့ကို နှုတ်ဆက်ပြီး အိမ်ကို ပြန်လာခဲ့သည်။ နွေ့အပေါ် သူရ လိမ်ညာတာတွေကို သူ ပြန်ရောက်လျှင် စာရင်းရှင်းရမည် ။ နွေ စိတ်ထဲ ကြိမ်းဝါးရင်း သူရ ပြန်အလာကို စောင့်နေ၏ ။

××××××××

သူရ အိမ်ထဲကို ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်ပြီး သူ့ကို စောင့်နေပုံရသည့် နွေ့ကို တွေ့လိုက်သည်။ နည်းနည်းစိတ်ထဲတစ်မျိုးဖြစ်သွားပေမယ့် ပုံမှန်အတိုင်းသာနေပြီး အခန်းထဲ သွားဖို့ပြင်ပေမယ့် ။

"ခဏနေပါဦး မောင် ။ နွေ ပြောစရာရှိသေးတယ် "

"အင်း ဘာလဲ နွေ "

"ဘယ်က ပြန်လာတာလဲ မောင် "

"ဪ....ကိုယ့် သူငယ်ချင်းနဲ့ သွားတွေ့တာလေ "

"မိန်းကလေးလား ၊ ယောကျ်ားလေးလား "

နွေ့မေးခွန်းကြောင့် သူရ စိတ်ထဲ အလိုမကျဖြစ်သွားရသည် ။

ဆုံစည်းစေသော ကံကြမ္မာ ( Completed) Where stories live. Discover now