part-10

5.5K 451 0
                                    

Unicode

ဆုံစည်းစေသော ကံကြမ္မာ

( အပိုင်း - ၁၀ )

"နွေကဗျာက တကယ်တော်တယ်နော် ။ ပထမ ဒီဇိုင်းတုန်းကလည်း အောင်မြင်ပြီး ရာထူးတက်သွားတယ် ။ ခုပြတဲ့ ဒီဇိုင်းကလည်း အောင်မြင်ဦးမယ်ထင်တယ်နော် ကိုခန့်ထည်ဝါ ။  ကျွန်မ ပြောတာ မှန်တယ်မဟုတ်လား ။ နွေကဗျာက တကယ်တော်တဲ့ ဝန်ထမ်းတစ်ယောက်ပဲ ။ ကျွန်မတော့ သူနောက်ထပ်ဆွဲမယ့် ဒီဇိုင်းတွေကို တကယ်ပဲ မြင်ချင်နေပြီ "

"အင်း...ဟုတ်တယ် ။ နွေကဗျာက တကယ်ကို တော်ပါတယ် "

နွေက MD နှင့် ကိုခန့်ထည်ဝါ ချီးကျူးနေတာကြောင့် အရမ်းကို ပျော်နေမိသည်။

"MD ရော ကိုခန့်ထည်ဝါရော နွေ့ကို ခုလို ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် "

"ကျွန်မ အရင်က နွေ့ကဗျာလို ဒီဇိုင်းဆွဲတာ အရမ်းတော်တဲ့ သူတစ်ယောက်နဲ့ ကြုံဖူးသေးတယ် ။ ကျွန်မ သူ့ကို အရမ်းကို လေးစားခဲ့မိဖူးတယ် ။ ဒါပေမဲ့ ...."

"ဘာဖြစ်လို့လဲ.. ..MD "

ဆည်းဆာချို ပြောပြသည့်အကြောင်းကို စိတ်ဝင်စား၍ မေးမိသည်။

"အင်း သူက ကိုယ်တိုင်ဆွဲတာ မဟုတ်ဘူးတဲ့လေ ။ အခြားသူ ဒီဇိုင်းကို ခွင့်မတောင်းဘဲ ယူသုံးနေတာလေ ။ ရှင်းအောင်ပြောရရင် ပိုင်ရှင်မသိအောင် ခိုးတာပဲပေါ့ "

ဆည်းဆာချို၏ စကားကြောင့် နွေ့ မျက်နှာအကြီးအကျယ် ပျက်နေမိပြီ။ သူ ဘာကိုပြောချင်တာလဲ ဟု နွေ့ ဦးနှောက်ထဲ အပြေးအလွှား စဉ်းစားနေမိသည်။

"နွေကဗျာကတော့ အဲ့ဒီလိုမဟုတ်ဘူးမဟုတ်လား "

"ရှင်! MD ။ ကျွန်မကို ဘာလို့ ဒီလိုမေးရတာလဲ ။ ကျွန်မက အဲ့ဒီလို အခြားသူ ဒီဇိုင်းကို ယူသုံးပါ့မလား "

"ဪ....ကျွန်မ ကြုံဖူးတာကို ဒီတိုင်း မေးလိုက်တာပါ နွေကဗျာ ။ စိတ်မရှိပါနဲ့ ။ ကျွန်မ ဒီတိုင်း ပြောလိုက်တာပါ "

"ဟုတ်ကဲ့...MD ၊ ရပါတယ် "

နွေက ဘာမှဆက်မပြောပေမယ့် စိတ်ထဲမှာ မတင်မကျနှင့် ဒေါသထွက်နေမိသည်။ စိတ်ထဲမှလည်း ဒေါသတကြီး ရေရွတ်နေမိသည် ။ ဆည်းဆာချို နင်က ငါ့ကို အထင်သေး ၊ စွပ်စွဲဖို့ပဲ စဉ်းစားနေတဲ့ပုံပဲ ။

ဆုံစည်းစေသော ကံကြမ္မာ ( Completed) Where stories live. Discover now