2

13.3K 423 104
                                    

Zawgyi>>>

Chen Baekhyun အိမ်ထဲဝင်လာခဲ့သည် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တာကြောင့် အိမ်ကိုဝင်ထွက်နေကြပဲလေ...

မနက်ပိုင်းအိမ်အပြင်ထွက်သွားတဲ့ Baekhyun မျက်နှာမကောင်းတာကို
သူတစ်ခုခုစိတ်ထဲထင့်နေတာကြောင့် အိမ်ထဲကမြေအောက်ခန်းကိုသာတန်းဝင်လာခဲ့တယ်...

ဟိုရောက်တော့သူထင်တဲ့အတိုင်း အဝတ်မပါဘဲ ဗလာကျင်းနေသော ကိုယ်လေးနဲ့အတူ သံကုတင်တစ်လုံးတွင်သတိလစ်နေရှာသော Yeol လေး...

ဖြူစွတ်စွတ်အသားအရည်တွင် ခါးပတ်ရာတွေကရဲတွတ်နေကာ အပေါ်ပိုင်းတွင်လဲ ညိုမဲနေသောအကွက်များ...

Baekhyun ထပ်ပြီး သောင်းကျန်းထားပြန်ပါပြီ...

"Yeol...Chanyeol ah"

Chen လှုပ်နှိုးလိုက်သောအခါ ကောင်လေးတဖြေးဖြေးချင်း မျက်လုံးဖွင့်လာသည်...

နာကျင်မှုကြောင့်ထင်ပါရဲ့ မျက်နှာလေးကမဲ့သွားတယ်...
ဖြူစင်သောကောင်လေးကိုမှ ဘာလို့နာကျင်မှုတွေပေးနေရပါလိမ့်နော်?

"C..chen hyung..."

"အဆင်ပြေရဲ့လားကွာ လာ ငါ့အိမ်လိုက်ခဲ့"

"ဒါ..ဒါပေမဲ့"

"ကျစ် hyung ကိုမယုံဘူးလား?"

"Hyun..Hyun ဆူမှာကျွန်တော်ကြောက်တယ်"

ခေါင်းလေးငုံ့ကာပြောလာသော Yeol...Baekhyun ကိုကြောက်ရတာကြောင့် သူနာကျင်မှုကိုပင်ထည့်မစဉ်းစားတတ်တော့ပေ...

"ရပါတယ် Baekhyun လဲအခုမရှိဘူး"

"Hyun...ကျွန်တော့်ကိုအရမ်းစိတ်ဆိုးသွားတာလားဟင်?"

မျက်နှာငယ်လေဖြင့်မေးလာသော ကောင်လေး...တကယ်ဆို သူကသာ Baekhyun ကိုစိတ်ဆိုးရမဟုတ်လား??

"မဟုတ်တာကွာ သူကိစ္စရှိလို့ထွက်သွားတာနေမှာပါ Hyung နဲ့လိုက်ခဲ့နော်"

Cheb မနည်းဖြောင့်ဖြမှ ကောင်လေးလိုက်လာသည်...
ဒါတောင်လမ်းလျှောက်လိုက်တိုင်း နာလို့ထင်ပါရဲ့ မျက်နှာလေးမဲ့မဲ့သွားတာ...

"အဆင်ပြေရဲ့လား ကောင်လေး?"

"ဟုတ် ပြေ...ပြေပါတယ်"

String (CAGE-3)Where stories live. Discover now