7_flashback

7.7K 319 10
                                    

Zawgyi>>>

"ဟင့် Omma အဲ့လိုမလုပ်ပါနဲ့ T~T "

Chanyeol Omma ရဲ့အင်္ကျီစကို လက်ကလေးတွေနဲ့လှမ်းဆွဲရင်း တောင်းဆိုမိပေမဲ့ Omma ကဘာမှပြန်မပြောချေ...

Omma မျက်ဝန်းမှာလဲ မျက်ရည်တွေအပြည့်...
ဘေးမှာတော့သခင်လေးက သူတို့ကိုရပ်ကြည့်နေတယ်

"သားလေး...Omma ဒီလိုလုပ်တာသားလေးကောင်းစားဖို့အတွက်ပါ သခင်လေးနဲ့ကောင်းကောင်းနေရမယ်နော် သားကလိမ်မာတယ်မလား?"

"ဒါပေမဲ့ Omma..."

Yeol ပြောတာကိုဆက်နားမထောင်တော့ပဲ Omma ထွက်သွားတာကြောင့် Yeol ပြေးလိုက်လာမိသည်...

"Yeol!!"

Yeol ရှေ့တွင်ပိတ်ရပ်လိုက်သော သခင်လေးမျက်နှာဟာ အလွန်ခက်ထန်နေတာကြောင့် Yeol ကိုယ်လေးပင်တုန်တက်သွားရသည်...

"သ...သခင်လေး"

"ဘယ်ကိုသွားမှာလဲ Yeol...မင်းကကိုယ့်အပိုင်ဖြစ်သွားပြီ"

"T.T ကျွန်တော့်ကိုလွှတ်ပေးပါ ဒီမှာမနေချင်ဘူး ဟင့်"

သခင်လေးကို Yeol ကြောက်သည်...
သခင်လေးက Yeol ကို အရမ်းရိုက်တယ်...ပြီးတော့ Yeol နဲ့စကားပြောမိတဲ့လူတွေကိုလဲ အပြစ်ပေးတယ်

Yeol...သခင်လေးကိုချစ်နေတယ်ဆိုပေမဲ့ ဒီလိုကြီးမနေချင်ခဲ့ချေ...

"မင်းဒီအခန်းထဲကနေဘယ်ကိုမှသွားခွင့်မရှိတော့ဘူး Yeol..."

"သခင်လေး..."

"Hyun လို့ခေါ်"

"H..Hyun ကျွန်တော်...ဒီမှာမနေချင်ဘူး T.T Omma ဆီပြန်ပို့ပေးပါ jelba"

Yeol ကိုဒေါသတကြီးစိုက်ကြည့်လာတဲ့သူက Yeol ကိုယ်လေးကို ကြမ်းပြင်ပေါ်ကိုင်ပေါက်လိုက်တာကြောင့် ခွေခွေလေးလဲကျသွားရသည်...

"Yeol...မင်းကကိုယ့်အပိုင်ဖြစ်သွားပြီ ကြားလား!"

မိမိဆံသားနုနုလေးတွေအား ဆောင့်ဆွဲရင်း အကြည့်တို့ကိုဆုံစေကာ ပြောလာတာကြောင့် Yeol ခေါင်းလေးငုံ့ကာငိုမိတယ်...

"ကျွန်တော်ဒီမှာမနေချင်ဘူး ကျွန်တော်ကိုဖမ်းမထားပါနဲ့ သခင်လေး T.T"

String (CAGE-3)Where stories live. Discover now