4

9.6K 361 14
                                    

Zawgyi>>>

Baekhyun ကောင်လေးကိုပွေ့ချီလာကာ မွေ့ယာပေါ်ဖြည်းညှင်းစွာချပေးလိုက်သည် မျက်လုံးအဝိုင်းသားလေးတွေနဲ့ စိုက်ကြည့်လာတဲ့ကောင်လေးက သူ့လည်တိုင်ကိုလက်ဖြင့်ချိတ်တွယ်ထားကာ...

"Hyun..."

"အင်း"

"ဘာလို့ကျွန်တော့်ကိုမပြောတာလဲဟင်?"

"ဘာကို?"

"Hyun ကိုထက်ထပ်ခိုင်းတာကိုလေ"

သူခပ်ဟဟရယ်သောအခါ ကောင်လေး မျက်လုံးအဝိုင်းသားလေးတွေနဲ့ ကြည့်နေကာ နှုတ်ခမ်းလေးလဲပွင့်ဟနေတယ်

ဘယ်လိုတောင် အသည်းယားဖို့ကောင်းနေပါလိမ့်နော်?

"ကိုယ့်မှာ Ren ဆိုတဲ့ဟောဒီကခင်ပွန်းလေးရှိပြီးသားလေ"

သူ့အပြောကြောင့် သဘောကျစွာရယ်သော ကောင်လေးရဲ့ ဆံပင်လေးတွေအား Baekhyun သပ်တင်ပေးတော့ မျက်နှာလေးကပန်းရောင်သန်းနေသည်

ဖြူဥနေသောလည်တိုင်လေးကို ခပ်ဖွဖွကိုက်မိတော့ နှုတ်ခမ်းလေးကစုကာ မျက်လွှာလေးကိုချထားလေရဲ့...

"ကိုယ်အပြစ်မပေးရသေးဘူးနော်?"

"ဟင်?"

ကြောက်တတ်သော ကောင်လေးကိုစရတာ Baekhyun သိပ်သဘောကျလှပါသည်...

သူ့ကိုကြည့်တတ်တဲ့ အရည်လဲ့နေသောမျက်ဝန်းဝိုင်းဝိုင်းလေးတွေ...နှုတ်ခမ်းပါးရဲရဲလေးတွေ...
ပြီးတော့ ကြောက်လို့တင်းတင်းဆုပ်ထားတဲ့ လက်သီးဆုပ်လေးတွေကအစ မြတ်နိုးရာ၏...

"မင်းအပြစ်ကိုသိလား Yeol?"

"ဟို...ဟို ကျွန်တော်..."

"မသိဘူးမလား?"

"ဟု...ဟုတ်"

"Tskk တော်တော်ဆိုးတာပဲ ကောင်လေး"

"တောင်း...တောင်းပန်ပါတယ်"

ဘာမှန်းမသိပဲ ခေါင်းလေးငုံ့ကာတောင်းပန်လာပြန်သည့် ကောင်လေးဟာ သူစိတ်မကြည်တိုင်း အရိုက်ခံရတာကြောင့် အပြစ်ဆိုတာဘာမှန်းမသိလောက်အောင် ရှာရလွယ်နေခဲ့သည်လား??

"မင်းကိုတစ်ခုခုအပြစ်ပေးသင့်နေပြီ Yeol ah"

ကောင်လေးကိုယ်လေးကိုပက်လက်ဆွဲလှန်ကာ Baekhyun အပေါ်ကအုပ်မိုးလိုက်တော့ လန့်သွားရှာတဲ့ Yeol...

String (CAGE-3)Where stories live. Discover now