13

6.5K 269 25
                                    

Zawgyi>>>

ဖြူစင်မှု...လူတွေပါးစပ်ဖျားကပြောနေကြတဲ့ ဖြူစင်မှုဆိုတာကဘာလဲ?

ထားပါတော့...မဖြူစင်တာကရော ဘာလဲ? လူသတ်တာလား? မကောင်းတဲ့အလုပ်တွေလုပ်တဲ့လူလား?

ဒါမှမဟုတ် ဥပဒေနဲ့မကင်းတာလား?

လူတိုင်းမှာအတွေးကိုယ်စီရှိကြတယ်...

ဥပမာ...ကိုယ်ဖမ်းထားတဲ့ ငှက်ငယ်လေးလိုပေါ့...

လူတစ်ယောက်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိန်းချုပ်ပြီး အရုပ်တစ်ရုပ်လိုနေစေခဲ့တာ ပတ်ဝန်းကျင်အတွက်တော့ဆိုးရွားတဲ့ လုပ်ရပ်တစ်ခုဖြစ်နေနိုင်လိမ့်မယ်

ဒါပေမဲ့ကျွန်တော်နဲ့သူ့ကြားမှာတော့ ဒါဟာနားလည်မှုတစ်ခုအဖြစ်သက်ရောက်သည်..

ချစ်ခြင်း...ဘယ်လိုအရာကမှတားဆီးမရတဲ့ ချစ်ခြင်းတရားဆိုတဲ့အရာကို လက်ဝယ်ပိုင်ဆိုင်ပြီးနောက် ကျွန်တော်တို့၏နာကျင်မှုဟာ နားလည်မှုတစ်ခုဖြစ်လာခဲ့သည်...

ချစ်သူကထားသွားလို့
ငိုကြွေးနေတဲ့သူရဲ့ စိတ်ထဲဝင်ကြည့်လိုက်ပါ...

သူ့ကိုမုန်းလွန်းလို့ငိုနေတာလား?
သူပြန်မလာတော့ဘူးဆိုတဲ့ အသိကြောင့်ငိုနေတာလားဆိုတာ

ထားခဲ့ခံရဖူးသူတွေပဲသိမယ်...

အင်း...ဒါကဒီလိုဥပမာတစ်ခုပေါ့...

စားပွဲကိုလက်နဲ့တတောက်တောက်ခေါက်ရင်း မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးထားမိတယ် အလိုမကျစွာတင်းတင်းစိထားသော နှုတ်ခမ်းနဲ့ မတည်ငြိမ်သောမျက်ဝန်းတွေက အကြီးအကျယ်ဒေါသထွက်မှုကိုထောက်ပြနေသည်

Yeol...သူပြန်လာတဲ့အချိန် Yeol အိမ်မှာမရှိဘူး...

ခတ်ထားတဲ့သံကြိုးတွေကလဲ ပုံလျက်သား...

CCTV ကပြန်ကြည့်လိုက်တော့ Chen လာခေါ်သွားခြင်းသာဖြစ်တယ်...

Baekhyun ဒေါသကြောင့် မျက်နှာပင်ရဲနေကာ လက်သီးကိုတင်းတင်းဆုပ်ထားတယ်

သူ့ခွင့်ပြုချက်မပါပဲ Yeol ဒီတိုင်းထွက်သွားသည်တဲ့လား?

ခဏကြာတော့ yeol နဲ့ Chen အိမ်ထဲဝင်လာကာ အရှေ့တည့်တည့်မှာ မတ်တပ်ရပ်နေတဲ့သူ့ကိုတွေ့တော့ အံသြသွားဟန်ပြုတယ်

String (CAGE-3)Where stories live. Discover now