3

10.9K 429 31
                                    

Zawgyi>>>

Baekhyun ကောင်လေးကို အိမ်ပြန်ခေါ်လာခဲ့ရသည်...
Yeol ကသူ့ကိုအရိပ်တကြည့်တကြည့် လိုက်ပါလာပုံအရတော့ ကြောက်နေဟန်ပင်...

Baekhyun ကောင်လေးကိုယ်လေးကို ပေါင်ပေါ်ဆွဲတင်လိုက်တော့ မျက်လုံးအဝိုင်းသားလေးတွေနဲ့ ကြည့်နေသောကောင်လေးရယ်...

"ကိုယ် Yeol နိုးလာတဲ့ထိစောင့်မလို့ပဲ ဒါပေမဲ့ Yeol ကြိုက်တာလေးတွေသွားဝယ်နေလို့"

"ဟု..ဟုတ် Hyun ကျွန်တော့်ကိုစိတ်ဆိုးနေသေးတယ်ထင်သွားတာ"

"Haha မဟုတ်ပါဘူးကွာ"

Baekhyun ကောင်လေးခါးသွယ်သွယ်လေးမှ သိုင်းဖက်လိုက်ပြီး နှုတ်ခမ်းသားလေးတွေကို ခပ်ဖွဖွနမ်းမိတယ်...

လည်ပင်းသားဝင်းဝင်းလေးတွေကို ထိတွေ့ရန်ကြံစည်မှာပဲ အသံတစ်ခုကြောင့်နှစ်ယောက်လုံးမော့ကြည့်မိကြသည်

"Baekhyun..."

Yeol နှုတ်ခမ်းပါးလေးပွင့်ဟသွားသည် အဲ့ဒါ Baekhyun ရဲ့အဖေမဟုတ်ဘူးလား? ဒါဆိုသူ့ဘေးကမိန်းမက မိထွေးဖြစ်ကောင်းဖြစ်နိုင်သည်

ဒါပေမဲ့ဘေးကလူတွေကရော?

"ဘယ်လိုတွေဖြစ်နေကြတာလဲ?မင်းတို့မရှက်ကြဘူးလား"

Byun သူဌေးပြောမှ Yeol လဲသူတို့အခြေအနေကိုသတိထားမိသွားကာ Baekhyun ပေါင်ပေါ်မှဆင်းရန်ပြင်တော့ Baekhyun ကချက်ချင်းခါးမှဆွဲဖက်ထားကာ မဆင်းရန်ခေါင်းခါပြတာကြောင့် Yeol ခေါင်းလေးငုံ့ကာ ပြန်ငြိမ်နေရတယ်

ထိုလူတွေက သူတို့ရှေ့ကခုံပေါ်ဝင်ထိုင်လိုက်ကာ သူတို့နဲ့အတူပါလာလာတဲ့ မိန်းကလေးတစ်ယောက်ကိုလဲ Yeol တွေ့ရတယ်

"ဒီနေ့ငါတို့လာမယ်လို့မပြောထားလို့လား Baekhyun?"

"အာ...ကျွန်တော်ဦးနှောက်ကအဲ့တာတွေ အသုံးချဖို့မှမဟုတ်တာ... သူနဲ့ပက်သက်တာလေးတွေပဲ မှတ်ထားဖို့လေ"

Yeol ဆံပင်လေးတွေကိုသပ်တင်ကာ ပြောလိုက်သော Baekhyun ကြောင့် ကောင်လေးအနေရခက်စွာကိုယ်လေးကြုံ့သွားသည် Hyun ဘာတွေလုပ်နေလဲ သူမသိတော့ချေ...

"မင်းကောင်ကိုအခုထိနှင်မထုတ်ရသေးတာလား?"

Byun သူဋ္ဌေးအပြောကြောင့် Yeol အံ့သြသောမျက်ဝန်းလေးတွေနဲ့ Baekhyun ကိုပြန်ကြည့်မိတယ်...
မောင်းထုတ်မယ်?သူ့ကိုလား?
သူကြောက်တယ် အဲ့လိုဖြစ်မှာကို...

String (CAGE-3)Where stories live. Discover now