11(flashback)

7K 257 22
                                    

Zawgyi>>>

Baekhyun ပန်းချီဆွဲနေတဲ့ကောင်လေးကို ကြည့်ရင်း သက်ပြင်းတစ်ခုချမိတယ်

သူဒီနေ့ Yeol ရဲ့အဖေကိုတွေ့ခဲ့တယ်...
Seoul ကိုဘာလာလုပ်နေလဲမသိပေမဲ့ yeol အတွက်တော့သူစိတ်ပူသည်...

ဒီကိုရောက်လာတာ Yeol နဲ့တစ်နည်းနည်းကို သက်ဆိုင်မည်လေ...

"Yeol ah"

"ဗျာ"

"ဒီကိုခဏလာပါဦး"

စကားနားထောင်တဲ့ Yeol လေးဟာ ပန်းချီဆွဲတာကိုရပ်ပြီး သူ့နားရောက်လာသည်မို့ ကိုယ်လုံးလေးကိုပေါင်ပေါ်ဆွဲတင်ထားမိတယ်

အသက်ရှင်နေတဲ့လူတစ်ယောက်ကို သေစာရင်းသွင်းပြီး မိဘတွေကိုလိမ်ထားတာသိရင် Yeol လေးသူ့ကိုမုန်းသွားမည်လား?

"ဘာလို့လဲ?Hyun စိတ်ညစ်နေလို့လားဟင်?"

"အင်း"

သက်ပြင်းချသံတစ်ခုနဲ့ Hyun ရဲ့အဖြေကို Yeol မနှစ်မြို့လှပါ...
သူကလေ သူချစ်တဲ့သူပြုံးနေတာပဲ မြင်ချင်တာ...

Yeol လေးရင်ခွင်လေးထဲ Hyun ဝင်လာတာကြောင့် ကျောပြင်လေးကိုအသာပုတ်ပေးရင်း ငြိမ်နေမိတယ်

"အရမ်းစိတ်ညစ်နေတာလားဟင်?ကျွန်တော့်ကိုပြောလို့ရရင်ပြောပြပါ ကျွန်တော်လဲအတူခံစားပေးမယ်လေ"

နားလည်သိတတ်လွန်းစွာ ပြောလာသောကလေးငယ်...

Baekhyun အသာပြုံးကာ ကောင်လေးရဲ့နှုတ်ခမ်းသားကို ခပ်ဖွဖွနမ်းလိုက်မိတယ်

"ကိုယ့်ကိုစိတ်မညစ်စေချင်ဘူးလား Yeol က?"

"ဟုတ်"

"အဲ့တာဆိုကတိပေး"

"ဟုတ်...ဘာကတိပေးရမှာလဲဟင်?"

"ကိုယ့်ကိုမမုန်းပါဘူးဆိုတဲ့ကတိ"

"Hyun ကိုကျွန်တော်ကဘာလို့မုန်းရမှာလဲ?"

"ကတိသာပေးပါ Yeol ah"

"ဟုတ် ကျွန်တော်ကတိပေးပါတယ် Hyun...Hyun ကိုဘယ်တော့မှမမုန်းဘူး အမြဲချစ်နေပါ့မယ်"

Baekhyun ပြုံးကာ ကောင်လေးရဲ့ဆံပင်လေးတွေကို သပ်တင်ပေးမိတယ်...

"Hyun..."

ရုတ်တရပ်နှုတ်ခမ်းပါးထက် ကျရောက်လာတဲ့ ကောင်လေးရဲ့ အနမ်းချိုချိုလေးတွေ...

String (CAGE-3)Where stories live. Discover now