19 (final)

10.6K 384 47
                                    

Zawgyi>>>

Baekhyun နိုးလာသောအခါ မိမိဘေးနေရာကလွတ်နေသည်
သူ့ရင်ခွင်ထဲကနေရာလေးက လစ်ဟာနေတာကြောင့် ထထိုင်လိုက်မိတယ်

"Yeol...yeol ah!"

အောက်ထပ်ပြေးဆင်းကာ အိမ်အနှံ့ရှာကြည့်တော့ တွေ့ပါပြီ...
သူ့ရဲ့ချစ်ရသူလေးက ဟင်းတွေချက်နေတာလေ...

"Yeol ah"

"Hyun...နိုးပြီ..အွင့်"

ရုတ်တရပ်သူ့ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းခြင်းခံလိုက်ရကာ hyun ကသူ့ကိုတင်းနေအောင်ပင်ဖက်ထားတော့သည်

"H. Hyun ဘာဖြစ်..."

"တကယ်လန့်သွားတာပဲ Yeol ah..ကိုယ့်ဆီကထပ်ထွက်သွားမှာကြောက်နေခဲ့တာ"

Baekhyun စကားကြောင့် yeol ခေါင်းလေးငုံ့ထားမိတယ်...
Hyun သူ့ကြောင့် စိတ်ညစ်နေခဲ့ရပြီလေ...

Hyun ရဲ့ကျောပြင်ကို ပြန်လည်ဖက်ထားရင်း ရင်ခွင်ငွေ့နွေးနွေးကို ခံစားမိတယ်

"ကျွန်တော်ဘယ်တော့မှထွက်မသွားတော့ပါဘူး စိတ်မပူပါနဲ့နော် Hyun"

" yeol ah"

သူ့စကားကြောင့်
Yeol ခေါင်းလေးငုံ့သွားကာ Baekhyun ရင်ခွင်ထဲမှပင် မျက်လွှာလေးချထားတော့သည်

"တောင်းပန်ပါတယ် Hyun...ကျွန်တော်တကယ်မကောင်းဘူးနော်"

"ဘာကိုလဲ yeol ah"

"Hyun...တစ်ယောက်ထဲထားခဲ့မိတယ်...တကယ်ဆို...ကျွန်တော်ကအနားမှာပိုရှိနေပေးသင့်တာကို...*sob တကယ်တောင်းပန်ပါတယ် Hyun"

"မဟုတ်တာ Yeol ah...မင်းအပြစ်မဟုတ်ပါဘူးကွာ"

Baekhyun ကောင်လေး ပါးပြင်မှမျက်ရည်လေးတွေကို လက်ဖြင့်ဖိကပ်သုတ်ပေးရင်းပြောတော့ ခေါင်းကိုအတင်းခါတဲ့ yeol...

"ကျွန်တော်မှားတာပါ...hyun ဘယ်လောက်ရိုက်ရိုက် နောက်တစ်ခါထွက်မသွားတော့ပါဘူးနော် Hyun...ကျွန်တော်အရမ်းနောင်တရလို့ပါ"

"Yeol ah"

တင်းကြပ်စွာဖက်ထားမိတဲ့ ကိုယ်လေးကို ဘယ်တော့မှလွှတ်ပေးနိုင်တော့မှာမဟုတ်ပါ...

ကောင်လေး...
ကျေးဇူးတင်တာထက်ကိုပိုပါတယ်...

နာကျင်မှုတွေပဲပေးနိုင်တဲ့ ကိုယ့်အချစ်နဲ့ လှောင်ပိတ်မှုတွေကို အမြဲလက်ခံနေခဲ့ရတဲ့ မင်းလေးက ကြောက်ရွံ့မှုဆိုတာတော့ မရှိပဲနေမလားလေ...

You've reached the end of published parts.

⏰ Last updated: Nov 18, 2020 ⏰

Add this story to your Library to get notified about new parts!

String (CAGE-3)Where stories live. Discover now