5

8.8K 308 23
                                    

Zawgyi>>>

"Yeol ah"

မိမိနဖူးပြင်မှနွေးထွေးသောအထိအတွေ့ကြောင့် Yeol မျက်လုံးလေးဖွင့်ကြည့်မိတယ်...Hyun ကသူ့ဘေးတွင်ထိုင်ကာ ပြုံး၍ကြည့်နေသည်မို့ သူပြန်ပြုံးပြမိပါသည်

"အစောကြီးနိုးနေတာလား Hyun?"

"အင်း Yeol အတွက်ကိုယ်မနက်စာပြင်ပေးထားတယ်"

"ကျေးဇူးပါ Hyun"

Baekhyun ကောင်လေးဆံပင်လေးအားဆွဲဖွကာ ဖြူစွတ်စွတ်ကိုယ်လုံးလေးရဲ့ လည်တိုင်လေးကိုဖိကပ်နမ်းပစ်လိုက်တယ်

"နိုးရင်ထတော့နော် ပြီးရင်ကိုယ်တို့အပြင်သွားကြမယ်"

"Nae?ဘယ်ကိုလဲဟင်?"

"အာ...Yeol လိုချင်တာတွေလိုက်ဝယ်ပေးမယ်လေ...အခုရက်ပိုင်းအပြင်မထွက်ဖြစ်ဘူးမလား?"

Chanyeol ခေါင်းလေးသာငြိမ့်ပြကာ မျက်နှာမှာအပြုံးလေးထွက်လာသည်

"ကိုယ့်ကိုဘာလို့မကြည့်တာလဲ Yeol"

ခေါင်းလေးသာငုံ့ထားတတ်သော ကောင်လေးအား Baekhyun မေးလိုက်သောအခါ နှုတ်ခမ်းလေးပွင့်ဟသွားသည်

"ဟို...ကျွန်တော်...မ..မကြည့်ရဲဘူး Hyun"

"Haha ဘာလို့?"

"ကြောက်..ကြောက်တယ်"

ပြောပြီးခေါင်းလေးငုံ့ကာ ရင်ခွင်ထဲတိုးဝင်လာသော ကောင်လေးရယ်...

Baekhyun ခပ်ဟဟရယ်ရင်း ကောင်လေးရဲ့ဆံပင်လေးတွေကို သပ်တင်ပေးမိတယ်

ကောင်လေးကသူ့ကို အရည်လဲ့နေသောမျက်ဝန်းလေးတွေနဲ့မော့ကြည့်ရင်း နှုတ်ခမ်းပါးလေးဟာလဲ ပွင့်ဟနေသည်

Baekhyun ထိုနှုတ်ခမ်းပါးလေးအား တစ်ချက်နမ်းလိုက်ရင်း...

"အသည်းယားအောင်မလုပ်နဲ့ အဲ့နှုတ်ခမ်းကိုကိုက်ဖြတ်ပစ်မိမလားမသိဘူး"

ထိုစကားကြားတော့မိမိနှုတ်ခမ်းလေးကို လက်ဖြင့်အုပ်ကာ ခေါင်းလေးငုံ့သွားသောကောင်လေးက ကိုက်ဖြတ်ခံရမှာတော့ကြောက်ဟန်ရှိသည်...

Baekhyun မျက်စိကစားရင်း ကောင်လေးလက်ကောက်ဝတ်လေးတွေကို အကြည့်ရောက်သွားတဲ့အခါ အသားစနုနုလေးတွေဟာ လက်ကောက်ဝတ်နေရာလေးတွင်ပွန်းပဲ့နေသည်

String (CAGE-3)Where stories live. Discover now