Part 24

4K 258 59
                                    


မိုးလင်းလို့​မျက်​လုံးနှစ်​လုံးပွင့်​တယ်​ဆိုလျှင်​ပဲကြား​နေရ​သောရင်​ခုန်​သံစည်းချက်​တို့က​နေ့စဉ်​နိုးစက်​တခုလို....ရင်​​ငွေ့​နွေး​နွေး​ကြောင့်​သည်းထန်​စွာရွာ​နေတဲ့မိုးစက်​​လေး​တေကို​တော့အားနာမိပါရဲ့.....ကျ​နော်​Kongရဲ့လက်​​​မောင်း​ပေါ်​ခေါင်းအုံးရင်းကျ​နော့်​လက်​​တေကိုKongရဲ့ခါး​ပေါ်တင်​ထားပီးတင်းကြပ်​စွာဖက်​ထားလိုက်​တယ်​....

ကျ​နော့်​ရင်​ဘတ်​ကိုလာရိုက်​​နေတဲ့အသက်​ရှူသံ​လေး​တေ​ကြောင့်​ကျ​နော်​ကြည့်​မိ​တော့..ကျ​နော့်​ရင်​ခွင်​ထဲကိုတင်းကြပ်​စွာဝင်​​နေ​သောArthit....တခါတခါကျ​နော့်​ရင်​ဘတ်​ကိုသူ့မျက်​နှာ​လေးနဲ့ပွတ်​သတ်​တိုး​ဝှေ့​နေ​သေးတာ...

"Oon......."

"ဟင်​....Kong....Kongငါ့ကိုဘယ်​လို​ခေါ်လိုက်​တာလဲ...."

"Oonလို့​ခေါ်တာ​လေ...မရပူးလား..."

"မဟု...မဟုပါပူး....နားကြားများမှားသွားတာလားလို့ပါ...."

"Oon....Oonကိုယ်​တို့ငယ်​ငယ်​တုန်းကဘယ်​လိုခင်​ခဲ့ကြတာလဲဆိုတာမှတ်​မိ​သေးလား..."

"မှတ်​မိတာ​ပေါ့Kongရယ်​...."

"ဟုလား..အာ့ဆို့ကိုယ့်​ကိုပြန်​​ပြောပြပါအူး.."

"Kongကမမှတ်​မိ​တော့ပူးလား..."

"အင်း....."

"ဟင်း....Kongကလဲ..."

"အဲ့ဒီ့နှုတ်​ခမ်းကြီးကိုစူမထားပါနဲ့ကွာ...ကိုယ်​ကမှတ်​မိပါတယ်​...Oon​ပြောပြတာနား​ထောင်​ချင်​လို့....."

"အဲ့တုန်းကOonက​ကျောင်းမာဘယ်​သူနဲ့မှလဲသိပ်​ခင်​ပူး...ပီး​တော့စာပဲလုပ်​တဲ့စာ​တော်​တဲ့​ကျောင်းသား​ပေါ့....တ​နေ့Oon​ကျောင်းက​နေပြန်​​တော့လမ်းမာအတန်းထဲက​ကောင်​​တေကOonဆီကပိုက်​ဆံ​တေလုပီးအနိုင့်​ကျင့်​​နေတုန်းKong​ရောက်​လာပီးOonကိုကူညီခဲ့တာ​လေ....အဲ့တုန်းကKongက​လေတဂယ့်​ကိုHero Styleပဲ...ရန်​ဖစ်​ထားလို့နှုတ်​ခမ်းကွဲပီး​သွေး​တေထွက်​​နေတဲ့Kongက​ဘေးမာ​ကြောက်​ပီးထိုင်​​နေတဲ့Oonကိုစိုးရိမ်​တဲ့မျက်​ဝန်း​တေနဲ့ကြည့်​ပီး​မေး​နေခဲ့တာ​လေ....အဲ့ဒီ​နောက်​ပိုင်းကစပီးOonကKongကိုအရမ်းခင်​ပီးအားကိုးလာမိတာ....."

I Love Your HateWhere stories live. Discover now