Part ?????

3.7K 248 36
                                    

Flash back

ဒီ​နေ့ကကျ​နော်​တို့နှစ်​​ယောက်​ရဲ့ မင်္ဂလာနှစ်​ပတ်​လည်​​နေ့ပါ...အဲ့ဒါ​ကြောင့်​ကျ​နော်​အ​စောကြီးထပီးချက်​ပြုတ်​​နေလိုက်​တယ်​...ပီး​တော့cakeတလုံးလဲအ​ပြေးသွားဝယ်​ရ​သေးတယ်​...cake​ပေါ်မာKong+Arthitဆိုတဲ့စာတန်း​လေး​သေချာ​ရေးပီးပြန်​လာခဲ့တယ်​...ပီး​တော့မီးဖိုထဲမာအလုပ်​​တေလက်​စသတ်​​နေတဲ့အချိန်​​Kong​အောက်​ကိုဆင်းလာတယ်​....အပြင်​သွားဖို့ပြင်​​နေတာ​ကြောင့်​ကျ​နော်​Kongကိုထမင်းစားဖို့လှမ်း​ခေါ်လိုက်​​တော့Kongကဒီ​နေ့ကို​မေ့​နေသည်​တဲ့​လေ.....ကျ​နော်​​ဒီ​နေ့​လေးမာKongနဲ့အတူထမင်းစားချင်​လို့​ပြောလိုက်​​ပေမဲ့ကျ​နော်​ပြန်​ရခဲ့တာ​တေကနာကျင်​ခြင်း​တေပါ....ကံကြမ္မာကကျ​နော့်​ကိုမျက်​နှာသာမ​ပေးခဲ့ပူးပဲ........

ကျ​နော်​ဒီ​နေ့​လေးကိုမှတ်​မိပါတယ်​....ကျ​နော်​နဲ့Oonရဲ့နီးစပ်​ခွင့်​ရတဲ့​နေ့​လေး....ကျ​နော်​တို့အတူရှိ​နေခဲ့ကြတာအခုဆိုတနှစ်​​တောင်​ပြည့်​သွားပီ....တနှစ်​လုံးOonနဲ့စကား​ကောင်း​ကောင်းမ​ပြောမိ​ပေမဲ့Oonကျ​နော့်​အ​ပေါ်အနစ်​နာခံတယ်​ဂရုစိုက်​တယ်​ဆိုတာသိပါတယ်​.....ကျ​နော်​အ​ပေါ်ထပ်​အခန်း​လေးထဲကခုတင်​​ပေါ်မာထိုင်​​နေရင်းနဲ့ပဲ​.....

"Happy Anniversary ပါOon.....ကိုယ်​တို့​နှောင်​နှစ်​​ပေါင်းများစွာတိုင်​သက်​ဆုံးတိုင်​အမြဲတမ်းအခုလိုအတူတူ​နေသွားရပါ​စေလို့ကိုယ်​ဆု​တောင်းလိုက်​ပါတယ်​...ပီး​တော့ကျ​နော့်​ရဲ့Oonလဲ​ခံစား​နေရတဲ့​ရောဂါ​ဝေသနာ​တေအမြန်​ဆုံးသက်​သာပီးကျန်းကျန်းမာမာနဲ့ကျ​နော့်​ရဲ့​ဘေးနားမာအမြဲရှိ​နေနိုင်​ပါ​စေ.....ပီး​တော့.........ဖစ်​နိုင်​မယ်​ဆိုရင်​........Oonနဲ့တူတဲ့သား​လေးတ​ယောက်​​လောက်​လိုချင်​မိပါတယ်​.......ဖစ်​နိုင်​မယ်​ဆိုရင်​​ပေါ့........"

ဟုပါတယ်​.....ကျ​နော်​သား​လေးတ​ယောက်​​လောက်​​တော့လိုချင်​မိပါသည်​....ဖစ်​နိုင်​မယ်​ဆိုရင်​​ပေါ့.....အခုလို​ဆေးပညာထွန်းကား​နေတဲ့​ခေတ်​ကြီးမာကျ​နော်​​မျှော်​လင့်​မိတာမလွန်​ပူးမလား...ဒါ​ပေမဲ့ကျ​နော်​Oonကိုဖွင့်​မ​ပြောမိပါပူး....ကျ​နော်​တို့နှစ်​​ယောက်​ကအဲ့လိုအခွင့်​အ​ရေးမျိုးနဲ့​ရောထိုက်​တန်​ရဲ့လား...တကယ်​လို့Oonကိုဖွင့်​​ပြောမိရင်​​ရော....Oonကလက်​ခံပါ့မလား....ကျ​နော်​ရူးမိုက်​စွာ​တောင့်​တမိပါသည်​.......​ကြယ်​​တေကြွယ်​​တိုင်းဆု​တောင်းလို့သာ​တောင်းဆုပြည့်​မယ်​ဆိုရင်​ကျ​နော်​အလိုချင်​ဆုံးဆု​တောင်းက​တော့.....

I Love Your HateWhere stories live. Discover now