Part 38

3.2K 191 79
                                    

Arthit pov

လမ်းထက်​တွင်​သွားလာ​နေကြ​သောကားများ..လူများဖြင့်​စည်​ကားလျက်​ရှိသည်​...ည​နေခင်းတခုတွင်​သူသည်​လဲလမ်းမထက်​တွင်​လမ်း​လျှောက်​ရင်းလူများ​ဈေးဆိုင်​များကို​လျောက်​ကြည့်​​နေမိသည်​....သူလမ်းမထက်​​လျှောက်​လာစဉ်​လမ်းချိုး​လေးတခုကို​ကွေ့အဝင်​သူ့လက်​အားလက်​​ရောက်​ဆုပ်​ကိုင်​လိုက်​​သောလက်​​ချောင်း​သေး​သေး​လေး​တေ​ကြောင့်​သူ့လက်​များသည်​လဲ​နွေးခနဲ......

"Papa!!"

ဟင်​...သုံး​လေးနှစ်​အရွယ်​​ကောင်​​လေးသည်​သူ့အားPapaဟု​ခေါ်လိုက်​သည်​တဲ့လား....ပါး​ဖောင်း​ဖောင်း​လေးများဖြင့်​သူ့အားမျက်​လုံးများမှိတ်​သွားသည့်​အထိရီရင်း​မော့ကြည့်​​နေ​သော​ကောင်​​လေး၏ပါးပြင်​ထက်​မှပါးချိုင့်​​လေးများသည်​လဲအထင်းသား....သူထိုခ​လေးငယ်​​လေး​ရှေ့တွင်​ဒူး​ထောက်​ကာထိုခ​လေးငယ်​၏ဆံပင်​​ပျော့​ပျော့​လေးများအားလက်​ဖြင့်​ဖွရင်း...

"သားသားကဘာလို့ဦးကိုPapaလို့​ခေါ်တာလဲ...သားသားတ​ယောက်​ထဲလား...သားသားရဲ့​ဖေ​ဖေနဲ့​မေ​မေ​ရောမပါပူးလား..."

"သားကလာထဲကတ​ယောက်​ထဲလာတာ​လေ...ပီး​တော့သားDaddyကသားကိုမလိုချင်​ပူးနဲ့တူပါတယ်​...အခုသားတ​ယောက်​ထဲဖစ်​​နေလို့...သားကိုပြန်​​ခေါ်သွား​ပေးပါ​နော်​Papa...သား​ကြောက်​တယ်​...သားကိုပြန်​​ခေါ်သွား​ပေးပါPapaရယ်​...အီးဟီး..."

ကျ​နော်​အားမျက်​ရည်​အဝိုင်းသားဖြင့်​ကျ​နော့်​ရင်​ခွင်​ထဲသို့တိုးဝင်​ကာငို​နေ​သောခ​လေးငယ်​​ကြောင့်​ကျ​နော့်​နှလုံးသားသည်​လဲနာကျင်​ခြင်း​ကြောင့်​မျက်​ရည်​များစွာကျဆင်းလာခဲ့သည်​....ခ​လေးငယ်​အားတင်းကြပ်​စွာ​ပွေ့ဖက်​ထားခဲ့မိသည်​.....

ဝတ်​ရုံအမဲကြီးများကိုဝတ်​ထား​သောလူကြီးများသည်​ကျ​နော့်​ရင်​ခွင်​ထဲမှခ​လေးငယ်​အားဆွဲထုတ်​ကာ​ခေါ်​ဆောင်​သွားကြသည်​...ကျ​နော်​ခ​လေးငယ်​၏လက်​​လေးအားတင်းကြပ်​စွာဆုပ်​ကိုင်​ထား​သော်​လဲကြာကြာဆုပ်​ကိုင်​နိုင်​ခြင်းမရှိခဲ့...ရုန်းကန်​​နေ​သောခ​လေးငယ်​အားကျ​နော်​​ထွေး​ပွေ့ကာဖက်​ထားခြင့်​​ပေမဲ့ကျ​နော့်​​​ခြေ​ထောက်​တို့သည်​လှုပ်​ရှား၍မရခဲ့......

I Love Your HateWhere stories live. Discover now