Part 66

2.4K 159 52
                                    

တိတ်​ဆိတ်​လှ​သောအခန်းထဲတွင်​ကြည်​လင်​ပြတ်​သားစွာထွက်​​ပေါ်လာ​သောအသံ​ကြောင့်​ဒါရိုက်​တာအဖွဲ့ဝင်​များအားလုံးလှုပ်​လှုပ်​ရှားရှားဖစ်​သွားကြသည်​....

"ကျ​နော်​ဒီမာရှိတဲ့သူ​တေအားလုံးကိုအသိ​ပေးစရာတစ်​ခုရှိပါတယ်​....အဲ့ဒါက​တော့ကျ​နော့်​အိမ်​​ထောင်​​ရေးကိစ္စနဲ့ပတ်​သတ်​ပီး​တော့ပါ..အခုလိုအသိ​ပေးရတယ်​ဆိုတာကလဲအခုCompanyရဲ့Mail boxမာတက်​လာတဲ့သတင်းအမှား​ကြောင့်​ပဲဖစ်​ပါတယ်​...အဲ့ဒီ့မာတက်​လာတဲ့ပုံ​တေထဲကမိန်းခ​လေးကကျ​နော်​နဲ့ပတ်​သတ်​ခဲ့ဖူး​ပေမဲ့ကျ​နော့်​ရဲ့အိမ်​​ထောင်​ဖက်​မဟုပါပူး...ကျ​နော်​ရဲ့အိမ်​​ထောင်​ဖက်​က​တော့Arthit Rojanapatဆိုတဲ့အမျိုးသားပါပဲ...."

"Humm...."

ကျ​နော်​စကားသံအဆုံးမာ​တော့အာ​မေဋိတ်​အသံများနှင့်​အတူလှုပ်​လှုပ်​ရှားရှားဖစ်​သွား​သောလူများ....

"ကျ​နော့်​အ​နေနဲ့က​တော့​ပြောစရာအများကြီးမရှိပါပူး..Companyမာထွက်​​နေတဲ့​ကောလဟာလ​တေအားလုံးကိုလဲကျ​နော်​​ဖြေရှင်းသွားမာပါ..ကျ​နော်​ချစ်​ရတဲ့သူကဘယ်​သူလဲဆိုတာကိုအားလုံးကိုစိတ်​ရှင်းရှင်းနဲ့သိ​စေချင်​ရုံပါ..."

ကျ​နော်​ထိုသို့​ပြောကာအစည်းအ​ဝေးခန်းထဲမှထွက်​လာခဲ့​တော့တယ်​...လူတိုင်းဟာကိုယ့်​ဘဝနဲ့ကိုယ်​ရှင်​သန်​နိုင်​တယ်​ဆို​ပေမဲ့ပတ်​ဝန်းကျင်​ဆိုတဲ့အရာကြီးကဝန်းရံထား​သေးတယ်​​လေ...​လူ​တွေအတွက်​ပတ်​ဝန်းကျင်​​ကောင်းမာရှင်​သန်​​နေနိုင်​ရင်​​ကောင်း​ပေမဲ့ဆိုးရွားတဲ့ပတ်​ဝန်းကျင်​မာရှင်​သန်​​နေရတယ်​ဆိုရင်​​တော့ပတ်​ဝန်းကျင်​ရဲ့ဖိအား​တေ​အောက်​မာကျရှုံးသွားရတတ်​ပါတယ်​...ကျ​နော်​က​တော့အရာအားလုံးကိုရင်​ဆိုင်​ပီးအကောင်းဆုံးဖြတ်​​ကျော်​သွားမာပါ....ကျ​နော်​ချစ်​ရတဲ့သူရဲ့လက်​ကို​တွဲထားရင်း​ပေါ့....

ကျ​နော်​Companyက​နေပြန်​လာ​တော့​ကုတင်​​ပေါ်မာညစာစားရင်းကာတွန်းကားကြည့်​​နေတဲ့Oon....ကျ​နော်​အခန်းထဲဝင်​သွားပီးSofa​ပေါ်မာထိုင်​ရင်းOonရဲ့ရယ်​သံ​လေး​တေကိုနား​ထောင်​ရင်းOonမျက်​နှာ​လေးကို​ငေးကြည့်​​နေမိတယ်​..

I Love Your HateDonde viven las historias. Descúbrelo ahora