Part 32

3.7K 234 35
                                    

ကျ​နော်​တို့Gunကိုဆိုင်​ပြန်​လိုက်​ပိုပီးအိမ်​ပြန်​လာခဲ့ကြတယ်​..Pကိုနှုတ်​ဆက်​ပီးတာနဲ့အိမ်​ထဲဝင်​လာခဲ့ကြတယ်​...​ခြေ​ထောက်​​တေလဲ​တော်​​တော်​​ညောင်း​နေပါပီGunနဲ့​လျှောက်​​ဆော့ထားတာ...ကျ​နော်​ခြံထဲကိုဖြည်းဖြည်းချင်းဝင်​လာ​တော့Kongက​နောက်​ကပါမလာ​သေးပူး..

"Kong...ဘာလုပ်​​နေတာလဲမြန်​မြန်​တံခါးလာဖွင့်​...."

ကျ​နော်​တံခါးမာမှီပီးKongကို​အော်​​ခေါ်​နေလိုက်​တယ်​....ပီးမှKongကခြံထဲကိုကား​မောင်းပီးဝင်​လာတယ်​....ဟုသား..ကျ​နော်​ကခြံ​ရှေ့ကဆင်းပီးခြံထဲဝင်​လာတာ..Kongကခြံတံခါးဆင်းဖွင့်​ပီးကား​ပေါ်ပြန်​တက်​ပီးကားကိုခြံထဲပြန်​သွင်းရ​သေးတာပဲ....

"Kong!!!!....မြန်​မြန်​လာ..."

ကျ​နော်​​အော်​လိုက်​​တော့Kongကကား​ပေါ်ကအထုပ်​​တေအကုန်​ဆွဲပီးဆင်းလာတာလက်​နှစ်​ဖက်​အပြည့်​ရင်​ဘတ်​ထဲမာလဲပိုက်​ထားတာမနိုင်​မနင်း​တေနဲ့.....

"ကြာကိုကြာတယ်​....ဘာ​တေလုပ်​​နေမှန်းမသိ..."

"SorryပါOonရယ်​...Sorryပါ..."

Kongကအိမ်​တံခါးဖွင့်​​ပေးတာလဲကျ​နော်​လဲအခန်းထဲကိုတန်းဝင်​လာလိုက်​တယ်​...အခန်းမီးဖွင့်​ပီးခုတင်​​ပေါ်လှဲမလို့ကြံ​နေတဲ့အချိန်​.....​နောက်​က​နေကျ​နော်​ခါးကိုဆွဲလှည့်​လိုက်​တဲ့လက်​တစုံ​ကြောင့်​ခန္ဓာကိုယ်​ကလဲဟန်​ချက်​ပျက်​ပီးယိုင်​လှဲသွားတယ်​.....Kongရဲ့ရင်​ခွင်​ကျယ်​ကြီးထဲကို​ပေါ့....​နွေး​ထွေးလွန်းတဲ့ရင်​ခွင်​ထဲကကျ​နော်​ချက်​ချင်းမရုန်းမိ​သေး....

"Kong....ဘာလုပ်​တာလဲ...."

"အဲ့ဒါOonကို​မေးရမာ...ကိုယ်​ကOonနဲ့အတူတူနှစ်​​ယောက်​ထဲDateချင်​တာကိုဘာလို့လူစုံတပ်​စုံ​ခေါ်လိုက်​ရတာတုန်း..."

"Aww...Kongကအဲ့တာကိုJ​နေတာလား...အကျင့်​ပုပ်​လိုက်​တာKongရယ်​...Gunနဲ့လဲအပြင်​မထွက်​ရတာကြာပီမို့လို့ပါ..ပီး​တော့​လူစုံ​တော့​ပျော်​စရာမ​ကောင်းပူးလား...."

"​ပျော်​​ပျော်​...Oonဘာသာ​ပျော်​​နေ..ကိုယ်​က​တော့ည​ဈေးတန်းကိုသူ့လက်​​လေးတွဲပီး​လျှောက်​ချင်​တာကို...."

I Love Your HateWhere stories live. Discover now