Chapter 1

10.5K 342 42
                                    

"ဟန်​နာ ကိုရှင်းပြတာနား​ထောင်​!!မင်း ကို့ကို အထင်​လွဲ​နေပြီ"

ထိုစကားလုံး​တွေအား ထပ်​ခါထပ်​ခါ ​အော်​ဟစ်​​နေ​သော်​လည်း သူမက​တော့ ​အေးစက်​စွာ တုံ့ပြန်​​နေမိတယ်

သူမ သူ့ကို ​မ​အော်​ဟစ်​ခဲ့သလို ပစ္စည်း​တွေနဲ့ ပစ်​​ပေါက်​ခြင်း​လည်း မရှိခဲ့ဘူး... ထုရိုက်​ခြင်းလည်း မပြုလုပ်​ခဲ့သလို အခန်းတံခါးလည်း ထမဖွင့်​​ပေးခဲ့ဘူး ထိုကဲ့သို့ တခုမှ မပြုလုပ်​ပဲ ဆိတ်​ငြိမ်​စွာ ထိုင်​​နေခြင်းက Jungkookကို ရူးသွပ်​​စေ​နေခဲ့တယ်

"ဟန်​နာ,sweetheart... ​ကျေးဇူးပြုပြီး ကို့ကိုစကား​ပြောပါဦး! မင်းဒီလိုပဲ ဆက်​ပြုမူ​နေမယ်​ဆို ကို​သေသွားလိမ့်​မယ်​" ​တောင်းပန်​စကား ​ပြောဆိုရင်း သူအခန်းထဲ ဝင်​​ရောက်​လာခဲ့သည်​ သူမအား ​ခေါ်ဆိုလိုက်​​သော nicknameတခုအ​ပေါ် သူမပျက်​ရယ်​ပြုကာ ရယ်​​မော​မိသည်

"ဟန်​နာ sweetheart ... ​ကျေးဇူးပြုပြီး ကို့ကို ​ရှောင်​ဖယ်​မ​နေပါနဲ့​လား " ဒီတကြိမ်​တွင်​​တော့ သူမရဲ့​မေး​စေ့အား ​မော့​စေကာ အိန်​ဂျယ်​ကဲ့သို့ ဖြူစင်​လှ​သော သူ့မျက်​နှာနဲ့ ရင်​ဆိုင်​​စေရင်း ​ပြောဆိုလိုက်​တယ်

ပြီးပြည့်​စုံလှ​သော သူ့ရဲ့သွင်​ပြင်​၊ လှပပြီး ဆွဲ​ဆောင်​မှုရှိ​သော မျက်​လုံးတစ်​စုံ ၊ ​သေသပ်​လှ​ပ​သော ​မေးရိုးတို့ကို သူမ​ငေးကြည့်​​မိသည်​ သူ့ရဲ့မျက်​နှာအား ငေး​မော​နေမိတာ သတိပြုမိသည်​နှင့်​ သူ့ရဲ့နှုတ်​ခမ်းပါး​တွေ ​ကွေးတက်​သွားတာ သူမ​တွေ့လိုက်​သည်

"ကဲ အခုကို​ပြောပြတာ နား​ထောင်​​ပေးမလား sweetheart? အရာအားလုံးက မင်း​တွေးထားသလို မဟုတ်​တဲ့အတွက်​ ကို့ကိုခွင့်​လွှတ်​​ပေးသင့်​တယ်​ ဟန်​နာ" နတ်​သားတပါးကဲ့သို့ ဟန်​​ဆောင်​မျက်​နှာဖုံး တပ်​ဆင်​ကာ Jungkookတိုးလျစွာ စကားစလာသည်

" မရဘူး Jungkook ... ဒီတခါ​တော့ မဟုတ်​ဘူး" သူမ​ရေရွတ်​ရင်း မတ်​တပ်​ရပ်​ကာ အ​ဝေးကို ထွက်​သွားရန်​ ပြင်​လိုက်​တယ်

"ဒီတခါ​တော့ မဟုတ်​ဘူးတဲ့လား? မင်းဘာကိုဆိုလိုချင်​တာလဲ ဟန်​နာ?" ထွက်​ခွာခြင်း မပြုနိုင်​ရန်​ ခါးကိုလှမ်းဖက်​၍ သူဟန့်​တား​လေသည်

International Playboy //Myanmar Translation//Where stories live. Discover now