Chapter 4

1.9K 223 35
                                    

ထင်​ထားတာထက်​ မြန်​မြန်​ပြီးဆုံးသွား​သော Dance Practice​ကြောင့်​ ဟာနာဝမ်းသာမိသည်​ ဒါမှလည်း သူမစိတ်​ကူးထားတဲ့ မစ်​ရှင်​အ​သေးစား​လေး အ​ကောင်​ထည်​​ဖော်​နိုင်​မည်​ကိုး ယခုလုပ်​ရပ်​သည်​ မှန်​ကန်​သည့်​ လုပ်​ရပ်​မဟုတ်​​သော်​ငြား လုပ်​သင့်​သည်​ဟု သူမ​တွေး​တောမိသည်​ တကိုယ်​ထဲ ​တွေး​ တကိုယ်​ထဲ ​ဆွေး​နေရသည့်​ ဘဝမှ သူမလွတ်​​မြောက်​ချင်​သည်​ ထို့​ကြောင့်​ပဲ သူမဆုံးဖြတ်​ချက်​ချလိုက်​သည်​ ဒီည Jungkookကို သူမstalkမည်

ပုံမှန်​အတိုင်း Companyမှ ထွက်​လာခဲ့​သော်​လည်း ဘယ်​​နေရာသို့ သွားရမည်​ကို ​တွေ​ဝေ​နေမိသည်​ Jungkook သွားနိုင်​​လောက်​မည့်​ ​နေရာတို့ကို ခန့်​မှန်း​တွေး​တော​နေတုန်း စကားဝိုင်းတခုကို သူမကြားလိုက်​ရသည်

" ​အေရီ နင်​တကယ်​ကြီး ​ပြော​နေတာလား?? ​ဟေရာက အခုသူနဲ့ ညစာစား​နေတယ်​?" မိန်းက​လေးတ​ယောက်​ရဲ့ အသံက သူမရဲ့အာရုံကို ဆွဲယူလိုက်​​သော်​ငြား သူမအသံကို မကြားသကဲ့သို့ ဟန်​​ဆောင်​ရင်း နားစွင့်​​နေမိသည်

" အင်းဆို~ ​ဟေရာက​ပြောတယ်​ သူတို့အခု လတ်​တ​လော နာမည်​ကြီး​နေတဲ့ ဟိုဆိုင်​ကြီးမှာတဲ့"

" တကယ်​? ဟဟား ငါ့အထင်​ ​ဟေရာက ​ဈေးအကြီးဆုံးဟာပဲ ​မှာစားမှာ ​သေချာတယ်​ သူဘယ်​လိုစရိုက်​လဲ နင်​လည်းသိ​နေတာပဲ" ဆက်​၍ နားမ​ထောင်​နိုင်​​တော့တာ​ကြောင့်​ ဟာနာ မသိမသာနှင့်​ ထို​နေရာမှ လစ်​ထွက်​ခဲ့သည်

ထို့​နောက်​ ဘတ်​စ်​ကားမှတ်​တိုင်​သို့ သွား၍ ​ခေါင်းထဲ ​ပထမဦးဆုံး ပေါ်လာသည့်​ ထိုဆိုင်​သို့သွားရန်​ ဆုံးဖြတ်​လိုက်​သည်​ ​ဟေရာနဲ့အတူ ညစာစား​နေမည့်​ Jungkookရဲ့ပုံစံသည်​ အလွန်​ပင်​ စိတ်​အ​နှောင့်​ယှက်​ဖြစ်​​စေသည်​ စိတ်​ထဲမှ ကြိတ်​ဆု​တောင်းမိသည်​ ​ဟေရာဆန်း​ဘေးနဲ့အတူ ညစာစား​နေတာ တခြား​ယောကျာ်းဖြစ်​ပြီး ​Jungkook မဟုတ်​ပါ​စေနဲ့

ဘတ်​စ်​ကား​ပေါ်မှ ဆင်းသည်​နှင့်​ ထိုစား​သောက်​ဆိုင်​သို့ စိတ်​လှုပ်​ရှားစွာ ​​ပြေးသွားမိသည်​ ဝင်​​ပေါက်​နဲ့ နီးလာသည်​နှင့်​အမျှ နှလုံးခုန်​နှုန်း လျင်​မြန်​လာခဲ့သည်​ တံခါးကို ဆွဲမဖွင့်​ခင်​ အသက်​ကို ပြင်းပြင်းရှူလျက်​ သူမထင်​မြင်​ချက်​ လွဲမှား​နေရန်​သာ ​မျှော်​လင့်​မိသည်

International Playboy //Myanmar Translation//Where stories live. Discover now