Chapter 8

1.6K 211 51
                                    

သီချင်းသံပြီးဆုံးသွားသည်နှင့် ဟာနာ့ဗိုက်သည် ဆာလောင်စပြုလာသည်။ Debutမည့်ရက်လည်း နီးလာပြီဖြစ်သောကြောင့် ပြင်းထန်သောအကလေ့ကျင့်မှုကနေ သူမတို့အားလုံး အခုမှသာ အနားယူခွင့်ရခဲ့သည်။ ဟာနာ နာရီသို့လှမ်းကြည့်လိုက်သောအခါ ည၁၀နာရီထိုးပြီဖြစ်သော်လည်း အခုချိန်ထိ မနက်စာမှလွဲ ဘာမှမစားရသေးချေ။

ညစာမုန့်များ ကြမ်းပြင်ပေါ်သို့ ပွစာကျဲအောင် မှောက်ချကာ ဝင်တိုက်သော ဟီကာရီကိုပဲ သူမကျေးဇူးတင်ရမည်။ ဟီကာရီသည် သူမနှုတ်မှ ထပ်ခါထပ်ခါတောင်းပန်စကားဆိုလျက် မုန့်များအစားပြန်ပေးမည် ပြောသော်လည်း စားချင်စိတ်လည်းမရှိပါဘူး ဟူသောအကြောင်းပြချက်နှင့် ဟာနာငြင်းပယ်လိုက်သည်။

သူမ၏စိတ်ထင်ပဲလား မပြောတတ်ပေမဲ့ ဟီကာရီသည် သူမအနားသို့ မကောင်းသောရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာသလို ခံစားရသည်။ ထိုခံစားချက်အတွက် သူမကိုယ်တိုင်လည်း စိုးထိတ်နေမိသည်။

အခြားတဖက်တွင်တော့ Jungkookသည် သူမနှင့် ခေါင်မိုးထပ်တွင် တွေ့ပြီးနောက်ပိုင်းမှစ အဆက်အသွယ် မလုပ်သေးချေ။ လတ်တလောမှိုလိုပျံ့နှံ့နေသော ကောလဟာလသည်လည်း တကမ္ဘာလုံးကို သူမကသာ Jungkookချစ်သူပါဟု လိုက်ပြောပြချင်မိသည်အထိ စိတ်ကိုနှိုးဆွနေသည်။ သို့သော် သူမမှာလုပ်ပိုင်ခွင့်မရှိ။

နောက်တကြိမ်ထပ်မံ၍ ဖုန်းကိုဖွင့်ကာ စစ်ဆေးလိုက်သော်လည်း Jungkookဘက်မှ ဘာအဆက်အသွယ်မှ မလုပ်သေးသည်ကို သိလိုက်ရသောအခါ သူမမျက်နှာမှုန်ကုတ်သွားပြီး ဖုန်းကိုအိတ်ထဲပစ်ထည့်လိုက်သည်။

နာရီအနည်းငယ်ကြာသွားပြီးနောက် အကလေ့ကျင့်မှုသည် ပြီးဆုံးသွားခဲ့သည်။ သို့သော် သူမ အကပိုလေ့ကျင့်ရန် နေရစ်ဖို့ ဆုံးဖြတ်ထားသည်။ ဘာကြောင့်ဖြစ်မလဲ? ကျေးဇူးရှင် Jungkookကြောင့် တချိန်လုံး Choreography အမှားတွေသာ ကနေခဲ့မိတယ်လေ

" ဟာနာရေ နည်းနည်းပါးပါး နားဦးလေကွာ၊ နင်ဘာမှလည်း စားရသေးတာ မဟုတ်ပဲနဲ့" သူမ၏မန်ဘာတယောက်မှ မပြန်ခင် သတိပေးလာသည်

" ဟုတ်တယ် ဟုတ်တယ် မနက်ဖြန်မှ ထပ်လေ့ကျင့်လည်းရတာပဲကို" အခြားတယောက်မှ ဝင်၍ထောက်ခံလာသည်

International Playboy //Myanmar Translation//Where stories live. Discover now