Chapter 12

1.4K 167 24
                                    

" မနက်ဖြန်တကယ်ပြန်လာတော့မှာလား?" သူ့ဆီမှသတင်း ကြားလိုက်ရရချင်း သူမစိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

Jeon Wonwoo နိုင်ငံခြားရှိ သူမရဲ့ကျောင်းနေဖက်ဟာ ကိုရီးယားသို့ ပြန်လာတော့မည်။ အဲ့ဒီအချိန်တုန်းက သူမတို့နှစ်ယောက်ထဲသာ တောင်ကိုရီးယားမှ ပြောင်းရွေ့လာသည့် ကျောင်းသားများဖြစ်ရာ ထိုအချက်ကပဲ သူမအား သူနှင့်ပို၍ တပူးပူး တတွဲတွဲဖြစ်စေခဲ့သည်။ သူမတို့နှစ်ယောက်စလုံး ဘွဲ့ရပြီးသောအခါ သူမကစော၍ တောင်ကိုရီးယားသို့ ပြန်ဖြစ်သည်။အကြောင်းရင်းကတော့ သူမ ဝင်ပြိုင်ထားတဲ့ auditionအောင်မြင်သည် ဖြစ်သောကြောင့်ပင်။ ဒါ့ကြောင့် Wonwoo ဒီကိုပြန်လာတော့မည်ဆိုသော သတင်းက သူမအား ရင်ခုန်စိတ်လှုပ်ရှားစေသည်။

" ဟုတ်တယ်! ဟုတ်တယ်! ငါအဲ့ဒီကို ပိတ်ရက်အတွက် ပြန်လာတော့မှာ နောက်ပြီး နင့်ကိုလည်းတွေ့ချင်တယ်။ ငါ့ကိုလာကြိုမှာလား ဟာနာ?" ချစ်ဖို့ကောင်းတဲ့အသံနှင့် ဖုန်းထဲမှ သူချွဲနွဲ့လာသည်။

" ငါလည်းနင့်ကိုလွမ်းပါတယ်ဟယ် ဒါပေမဲ့ လာကြိုဖို့ကတော့ မသေချာလောက်ဘူး အိုပါး။ ငါ့ရဲ့Scheduleတွေ ဘယ်လောက်ကျပ်မှန်း နင်သိရဲ့နဲ့။"

" အာ၊ တော်တော်ဆိုးတာပဲ။ အနည်းဆုံးတော့ ငါနဲ့ဒိတ်လုပ်ဖို့ အချိန်နည်းနည်း ချန်ထားပေးသင့်တယ်လေ အိုခေ?" သူ့အမေးအား သူမရယ်မောမိသည်။

'ဒိတ်လုပ်မယ်' ဆိုသော စကားလုံးနှင့် ပတ်သတ်၍ သူ့ဘက်က နောက်ရုံသက်သက်ဖြစ်မှန်း သူမသိသည်။ ဘာကြောင့်ဆို သူမ သူ့ကိုစသိကထဲက သူဟာ ရုပ်တည်နှင့် play boy တယောက်ဖြစ်သည်။ ဒါ့ကြောင့်လည်း သူမပြန်၍ နောက်သည့် သဘောနှင့် ပြောလိုက်တာပေါ့။

" ကောင်းပြီ၊ နင်နဲ့ငါဒိတ်ရမယ့်ကိစ္စ အချိန်တန်ရင် စာရင်းရှင်းကိုရှင်းမယ် ဟုတ်ပြီလား?" သူမရယ်မောရင်း ဖုန်းထဲမှတဆင့် သူနှင့် ဆက်ပြောနေလိုက်သည်။

ထိုအခိုက်အတန့်တွင် တခြားတဖက်မှာတော့~

" ထွက်သွား"

" ညီမ ဒီညစောင့်နေမယ်လေ၊ ညစာ အတူတူစားကြရအောင်"

" မင်းနားကန်းနေတာလား?"

International Playboy //Myanmar Translation//Where stories live. Discover now